မွန်မှာ စစ်ကောင်စီ ကျင်းပတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ လာရောက်ဖြေဆိုသူ ၇၀၀ ကျော် ပျက်ကွက်

မွန်မှာ စစ်ကောင်စီ ကျင်းပတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ လာရောက်ဖြေဆိုသူ ၇၀၀ ကျော် ပျက်ကွက်

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ  ပထမနေ့ မြန်မာစာနေ့မှာ လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၇၀၀)ကျော် ပျက်ကွက်ခဲ့တယ်လို့ စစ်ကောင်စီ ပြည်နယ်ပညာရေးမှူးရုံး အချက်အလက်တွေအရ သိရပါတယ်။

ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ ကျောင်းသား၊ကျောင်းသူ (၁၁၈၀၀) ကျော် လျှောက်ထားခဲ့ပြီး ပထမနေ့မှာတော့ လာရောက်ဖြေဆိုတဲ့ ကျောင်းသူ၊ကျောင်းသား (၁၁၁၀၀) ကျော်သာ ရှိခဲ့ပါတယ်။

စစ်ကောင်စီကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ပြည်နယ်အတွင်းမှာ စာစစ်ဌာန ၄၆ ကျော် ဖွင့်လှစ်ခဲ့ပြီး စာ‌မေးပွဲ ကျင်းပရာ အ‌‌ခြေခံပညာကျောင်းတွေမှာ လုံခြုံရေး တင်းကြပ်ထားခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ ကျောင်းသူ၊ကျောင်သားတွေကတော့ စာသင်ချိန် အပြည့်အဝ မရတာ၊ စာလေ့လာဖို့ အချိန်ကာလ မလုံလောက်တာ၊ မေးခွန်းထဲမှာ သင်ထားတဲ့ စာတချို့ မပါဝင်တာကြောင့် အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းမပြီးခင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ (၃၀၀၀၀)  ကျော်ရှိပြီး စစ်တပ် အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ (၁၀၀၀၀) ကျော်သာ ရှိခဲ့တာပါ။

စစ်ကောင်စီကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ်လ(၃၁)ရက်နေ့ကနေ ဧပြီလ (၉)ရက်နေ့အထိ ကျင်းပသွားဖို့ ပြင်ဆင်ထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...