အာဏာသိမ်းစစ်ကောင်စီတွေ့ဆုံဆွေးနွေးပွဲမှာ RCSS/SSA အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ (၅) ဖွဲ့ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
အဲ့ဒီ တွေ့ဆုံဆွေးနွေးပွဲမှာ မတ်လ (၂၈)ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ (၅) ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) (PC) တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ NSPNC အဖွဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ရာပြည့် ဦးဆောင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။







