အာဏာသိမ်းစစ်ကောင်စီ တွေ့ဆုံပွဲမှာ RCSS/SSA အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ (၅) ဖွဲ့ တက်ရောက်

အာဏာသိမ်းစစ်ကောင်စီ တွေ့ဆုံပွဲမှာ RCSS/SSA အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ (၅) ဖွဲ့ တက်ရောက်

အာဏာသိမ်းစစ်ကောင်စီတွေ့ဆုံဆွေးနွေးပွဲမှာ RCSS/SSA အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ (၅) ဖွဲ့ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အဲ့ဒီ တွေ့ဆုံဆွေးနွေးပွဲမှာ မတ်လ (၂၈)ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ (၅) ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 တွေ့ဆုံဆွေးနွေးပွဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) (PC)  တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ NSPNC အဖွဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ရာ‌ပြည့် ဦးဆောင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...