မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်

မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်

မြစ်ကြီးနား စီတာပူရပ်ကွက် နောင်ရာကွင်းအနီး ဇေယျာမင်းဆီဆိုင်ရှေ့တွင် ကားမောင်းလာသော ပြည်သူတစ်ဦးကို လူငယ် ၃ ဦးမှ သေနတ်ထောက်ကာ ကားဓါးမြတိုက်ယူသွားကြောင်း သိရသည်။

မတ်လ ၂၇ ရက်နေ့ ညနေပိုင်း ၇ နာခွဲခန့် နောင်ရာကွင်းအနီးတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ Honda Fit ge-6 ကားအဖြူတစ်စီးကို ဓါးပြတိုက်သွားသည်ဟု ကားပိုင်ရှင်က ယခုလိုပြောသည်။

“ကျနော့်ကို ဆိုင်ကယ်နှစ်စီးနဲ့ အရှေ့ကရော အနောက်ကရော ပိတ်ရပ်လိုက်တယ်။ သေနတ်နဲ့ချိန်ထားပြီး ဆင်းခဲ့နင့်ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးစရာရှိတယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်လည်း ကောင်းကောင်းမွန်မွန်စစ်တဲ့သူတွေလို့ ထင်သွားတာပေါ့။ ကျနော်ဆင်းပေးလိုက်တာ ဒါပေမဲ့ ဆင်းပေးပြီးချင်းချင်း တစ်ယောက်က သေနတ်နဲ့ချိန်ပြီး တစ်ယောက်က ကားပေါ် ကပြာကရာတက်လိုက်တယ်။ လှုပ်ရင်ပစ်မှာ ဘာညာဆိုပြီးပြောတယ်။ တစ်ယောက်က ဆိုင်ကယ်နဲ့အရင်ထွက်သွားပြီး သေနတ်နဲ့ချိန်ထားတဲ့ကောင်က ကားပေါ် တက်မောင်း လုသွားတာ။” ဟု ကားလုယက်ခံလိုက်ရသူ ပြည်သူတစ်ဦးက KNG ကိုပြောသည်။

အလားတူ မြစ်ကြီးနားမြို့တွင် မတ်လ ၂၄ ရက်က သံတိုသံစနှင့် ဘီယာဗူးခွံများလိုက်ဝယ်သည့် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦး ဓားထိုးလုယက်သဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...