မြဝတီ-ဝေါ်လေ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်အကျအဆုံးများပြား

မြဝတီ-ဝေါ်လေ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်အကျအဆုံးများပြား

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ မြ၀တီ-ဝေါ်လေကားလမ်းပေါ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေဝင်က ပြောပါတယ်။

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်က သေ့ဘောဘိုးဘက်မှာ မနေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့လို့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာလည်း ဝေါ်လေဒေသဘက်ကို စစ်ကောင်စီရဲ့လေယာဉ်တွေ ထပ်မံရောက်ရှိလာပြီး မြ၀တီ-ဝေါ်လေကားလမ်းမပေါ်က ဥကရစ်ထကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဝေါ်လေမြို့ကနေ လက်နက်ကြီးပစ်ကူတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်းမှာ ထိတွေ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အတွက် ဆုံဆည်းမြိုင်ကျေးရွာဘက်က ဒေသခံတချို့တဝက် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

"နီးနီးနားနားရွာတော့ ပစ်နေကြတယ်။ ကျောက်ခက်ဘက်မှာလည်း လေယာဉ်ဖြတ်သွားဖြတ်လာ။ မနေ့ကတည်းကပေါ့။ ဒီနေ့လည်းလေယာဉ်လာသွားတယ်။ မိုးမလင်းခင်က တစ်စီးအသံကြားတယ်။ ဆုံဆည်းမြိုင်မှာတော့ တချို့တဝက်ပြေးရပြီ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းနဲ့ မြ၀တီ-ဝေါ်လေကားလမ်းကို စစ်ကောင်စီတပ်တွေက စစ်ရေးဝင်လှုပ်ရှားနေတာကြောင့် ပြည်သူတွေအနေနဲ့ အဲ့ဒီလမ်းပိုင်းတွေမှာ မတ်လ ၂၇ ရက်နေ့ကစပြီး သွားလာမှုတွေမလုပ်ကြဖို့ တပ်မဟာ ၆ က အသိပေးထုတ်ပြန်ထားပြီးနောက် ထိတွေ့တိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...