ပစ္စည်းဈေးနှုန်းရဲ့ ၁၀% သာ အမြတ်ထုတ်ရောင်းဖို့ KNDF/B-15 ဆို၊ မလိုက်နာပါက ပြစ်ဒဏ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား

ပစ္စည်းဈေးနှုန်းရဲ့ ၁၀% သာ အမြတ်ထုတ်ရောင်းဖို့ KNDF/B-15 ဆို၊ မလိုက်နာပါက ပြစ်ဒဏ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား

KNDF/B-15 လှုပ်ရှားမှုနယ်မြေဖြစ်တဲ့ ဖရူဆိုမြို့နယ်ရှိ ကျေးရွာတွေနဲ့ စစ်ရှောင်ဒေသအတွင်းက ဈေးသည်တွေနဲ့ ဆိုင်ပိုင်ရှင်တွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကုန်ပစ္စည်းတွေကို ပစ္စည်းဈေးနှုန်းရဲ့ ၁၀ရာခိုင်နှုန်းသာ အမြတ်ထုတ်ရောင်းချကြဖို့ မတ်လ(၂၀)ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။ မတ်လ(၂၀)ရက်နေ့ကနေ (၂၇)ရက်နေ့အထိ သတိပေးကာလအဖြစ် ကြေညာခဲ့ပြီး ရောင်းချတာတွေ တွေ့ရှိခဲ့ရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

“ ကျနော်တို့ စာမထုတ်ခင်မှာကျနော်တို့ တပ်ရင်းကို တိုင်ကြားလာတာတွေ အများကြီးပေါ့။ ပြည်သူတွေက ကျနော်တို့ ကိုတိုင်ကြားလာတာတွေ ဈေးနှုန်းကို အဆမတန်မြင့်တင်ပြီး ရောင်းချနေတာတွေ ရှိတယ်။ ဒီလို ခဏခဏ တိုင်ကြားလာတာတွေတွေ့တော့ ကျနော်တို့ ဖက်ကနေ ဘယ်လို ပြန်လုပ်ပေးရမလဲဆိုတဲ့ အနေအထားမျိုး ကျနော်တို့ပြန်စဉ်းစားပြီးတော့မှ ကျနော်တို့ ဒီဖက်ခြမ်းမှာရှိတဲ့ အုပ်စုမှူးတွေနဲ့ အကုန်တွေ့ပြီးတော့မှ ရွာရဲ့ အုပ်စုမှူးတွေ အကုန်လုံးတွေ့ပြီးတော့မှ ကျနော်တို့  သူတို့နဲ့ တိုင်ပင်ဆွေးနွေးတယ်။ ကုန်ဈေးနှုန်းကို အဓိက အသားတင် အမြတ် 10% လောက်ရရင် အဆင်ပြေနိုင်မလားဆိုတဲ့ အနေအထားမျိုးပေါ့။ “ လို့ KNDF/B-15 ပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကျေးရွာအုပ်စုမှူး၊ အုပ်ချုပ်ရေးမှူးတွေ၊ ဆိုင်ပိုင်ရှင်တချို့ နဲ့ KA အကြီးအကဲတွေ၊ KNDF/B-15 တပ်ဗိုလ်တပ်မှူးတွေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးမှသာ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီထုတ်ကုန်တွေဖြစ်တဲ့ ( Mytel, Premium Gold, Red Ruby ၊အန်ဒမန်၊ မြန်မာဘီယာ၊ မန္တလေးတံဆိပ်ဘီယာများ၊ ဆင်မင်၊ ဒဂုံ၊ ကြံတဆိပ်ဘိလပ်မြေ၊ Milky နို့ဆီ၊ ရွှေဖီဦး တီးမစ်) စတာတွေကို လည်း ရောင်းချတာတွေ၊ သယ်ယူပို့ဆောင်တာတွေ၊ သိုလှောင်ထားရှိတာတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

လက်ရှိ ကရင်နီပြည်အတွင်းမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ များပြားလာသလို အခြေခံစားသောက်ကုန်တွေလည်း ပုံမှန်ထက် နှစ်ဆကျော် ဈေးတက်လာတယ်လို့ သိရပါတယ်။ တချို့နေရာတွေမှာ ပစ္စည်းပြတ်လပ်တာတွေအထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို အသုံးမပြုကြဖို့လည်း ပြည်သူလူထုတွေကနေပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကြပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...