အိန္ဒိယရောက် မြန်မာနိုင်ငံသားများ နယူးဒေလီမြို့ UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်

အိန္ဒိယရောက် မြန်မာနိုင်ငံသားများ နယူးဒေလီမြို့ UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်

အိန္ဒိယနိုင်ငံတွင် ခိုလုံနေကြသည့် စစ်ဘေးဒုက္ခသည်များအား လူသားချင်းစာနာမှုနှင့် အကာအကွယ်ရရှိရေးအတွက် နယူးဒေလီမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးရှေ့တွင် ယနေ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသား လူဦးရေ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မြန်မာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေကြောင့် အိန္ဒိယနိုင်ငံသို့ စစ်ဘေးဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင်လာသူဦးရေ တနေ့ထက်တနေ့တိုးများလာနေပြီး ယင်းစစ်ဘေးဒုက္ခသည်များအား ကာကွယ်မှုပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးအပ်ရန်အတွက် ဆန္ဒပြတောင်ဆိုခဲ့ကြခြင်းဖြစ်သည်ဟု နယူးဒေလီအခြေစိုက် Myanmar Refugee Demand Committee အဖွဲ့မှတာဝန်ရှိသူ မစင်ဒီက ပြောသည်။

“အဓိက ရည်ရွယ်ချက်က (၃) ချက်ပါ။ နံပါတ် (၁) အိန္ဒိယရောက်မြန်မာ Refugee တွေအတွက် resettlement (ပြန်လည် နေရာချထားရေး) ရရှိဖို့ဖြစ်တယ်။ နံပါတ် (၂) အခု ယာယီကဒ်ရတဲ့သူကို RSD အင်တာဗျူးအမြန်ဆုံးလုပ်ပြီးတော့ စမတ်ကဒ် ထုတ်ပေးဖို့ဖြစ်တယ်။ နံပါတ် (၃) အသစ်ရောက်လာတဲ့ Refugee တွေကို ယာယီကဒ်၊ Blue card, Asylum Seeker card အမြန်ဆုံး ရဖို့ဖြစ်တယ်။ အဲဒီ (၃) ချက်အပြင် Refugee တွေကို ကာကွယ်မှုနှင့်လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ အမြန်ပေးဖို့ စသည့်အချက်များကို တောင်းဆိုခဲ့တာဖြစ်တယ်။” ဟု မစင်ဒီကပြောသည်။

နယူးဒေလီမြို့အခြေစိုက် UNHCR ရုံးရှေ့တွင် ယနေ့ပြုလုပ်သော ဆန္ဒပြပွဲတွင် လူဦးရေ ၅၀၀ ခန့်ပါဝင်ပြီး အနက်ရောင် ဝတ်စုံဝတ်ဆင်ခဲ့ကြသည်ဟု သိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...