ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ သေနတ်ပစ်ခံရပြီးသေဆုံး

ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ သေနတ်ပစ်ခံရပြီးသေဆုံး

ရေးမြို့နယ် တူးမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၏ အစ်မဖြစ်သူ မတ်လ ၂၇ ရက်က နံနက်ပိုင်းတွင် နေအိမ်၌ သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှ သိရသည်။

ဦးသန်းထွန်းကို သေနတ်ဖြင့် လာရောက်ပစ်ခတ်စဥ် အမဖြစ်သူ၏ ရင်ဘက်တွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီလိုဗျ လာပစ်တုန်းက ဦးသန်းထွန်းကို ပစ်ဖို့လာတာဖြစ်မယ်။ ကျည်ကတော့ သူ့အမထိသွားတယ်။ ဆုံးသွားပါပြီ။ ၃ချက်ပစ်တာ။ အလောင်းကို ဆေးရုံမှာ စစ်ဆေးတာတွေ လုပ်ဆောင်ပြီးတော့ အခု မိသားစုဆီ ပြန်ရောက်သွားပါပြီ"ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခဲ့သည့် အဖွဲ့အစည်းမှာ ရေးမြို့ အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် အလိုရှိကြောင်း ကြေငြာခံထားရသည့် ရေးဘီလူးအဖွဲ့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က အစင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ သေးသည်။

ရေးဘီးလူးအဖွဲ့က သတင်းပေးဟု စွပ်စွဲခံရသူ ပရဟိတလုပ်ကိုင်ဆောင်ရွက်သူ တပ်မတော် အငြိမ်းစား ဗိုလ်မှူး ၁ ဦး၊ ကျောင်း ဆရာမ ၁ ဦးအပါအဝင် အနည်းဆုံး ၃ ဦးထက်မနည်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

Most read this week

August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...