ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လူနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လူနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့
ဓာတ်ပုံ - KNDF B-09
ဓာတ်ပုံ - KNDF B-09

ကရင်နီပြည် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီး ပေါ်မှာရှိတဲ့ စံပြ ၆ မိုင်ကျေးရွာမှာ မတ်လ ၂၅ရက်နေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီး ကရင်နီတပ်မတော် (KA) ၊ KNDF B-09၊ KNDF B-19 ၊ PDF တပ်ရင်း ( D ) တို့ ထိတွေ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNDF B – 09 က ဒီကနေ့ မတ်လ (၂၇)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၅ရက်နေ့ မနက် ၁၀နာရီမှာ ဒီးမော့ဆိုမြို့ ၆မိုင်အုပ်စု ဘက်တလိန်ကျေးရွာလမ်းမကြီးတစ်လျှောက်နဲ့ ပန်ကန်း၊ ဒေါပိုးစီလမ်းမကြီးတစ်လျှောက်ကို ထိုးဖောက်ဝင်ရောက်လာပြီး ညနေပိုင်း ၄နာရီအချိန်မှာစတင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ငါးမိုင်ကျေးရွာရှိ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် မတ်လ ၂၆ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်မှစပြီး စစ်ကောင်စီတပ်က ငါးမိုင်ကျေးရွာရှိ လူနေအိမ်တွေကို ဆက်လက်မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ တင့်ကားတွေနဲ့ အင်အားဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲနေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံနေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိနေပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...