အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ မြန်မာစစ်တပ်ပြော

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ မြန်မာစစ်တပ်ပြော

စစ်တပ်က အာဏာသိမ်းလိုက်ပြီး မြန်မာ့ဒီမိုကရေစီအရေး ဆန္ဒ ပြပွဲတွေကို သွေးစွန်းခဲ့တဲ့ ဖြိုခွင်းမှုတွေအပြီးမှာ အတိုက်အခံတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားမှာ စစ်ခေါင်းဆောင်က   ပြောပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပုံမှန်ဖြစ်ပွားနေပြီး တိုင်းရင်းသားဒေသတွေကို လည်း အင်အားသုံးဖြိုတိုက်ခိုက် တာတွေလုပ်ဆောင်နေပါတယ်။

စစ်အစိုးရဟာ အခုချိန်မှာ အထီးကျန်ဆန်လာပြီး ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်သာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တစ်ယောက်တည်းသော နိုင်ငံခြားခေါင်းဆောင်ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံက  ဒုဝန်ကြီးဟာ ဒီနှစ်စစ်ရေးပြအခမ်းအနား ကို တက်ရောက်ဖို့စီစဉ်ထားပေမယ့် သူ့နိုင်ငံရေးကြောင့်မတက်ရောက်နိုင်ခဲ့ဘူးလို့ စစ်တပ်ပြောရေး  ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ  ဂျက်တိုက်လေယာဉ်‌၊သံချပ်ကာကားတွေအပါအဝင် စစ်ဘက်ဆိုင်ရာ လက်နက်တွေကို အာဏာသိမ်းအစိုးရအတွက် ထောက်ပံ့နေတာတွေရှိနေတယ်လို့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ပြောထားပါတယ်။  

အမေရိကန်၊ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှုအသစ်တွေ  ကို ပြီးခဲ့တဲ့ သောကြာနေ့က  ချမှတ်ထားပါသေးတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူနည်းစုအပေါ်ကို လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ထားတယ်လို့ ကန်အစိုးရက ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးချိန်မှာကန့်သတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခဲ့တာဖြစ်ပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...