မတူပီမြို့နယ် ဝေတူးရွာသား (၃) ဦးကို စစ်ကောင်စီ ဗျူဟာတပ်သို့ဖမ်းဆီးခေါ်ဆောင်သွား

မတူပီမြို့နယ် ဝေတူးရွာသား (၃) ဦးကို စစ်ကောင်စီ ဗျူဟာတပ်သို့ဖမ်းဆီးခေါ်ဆောင်သွား

ချင်းပြည်နယ် မတူပီမြို့နယ်၊ ဝေတူးရွာသား (၃) ဦးကို မတ်လ (၂၄ ) ရက်နေ့တွင် စစ်ကောင်စီ စစ်တပ်မှ ဗျူဟာတပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မတူပီဒေသတွင်းမီဒီယာများ ဖော်ပြချက်အရ သိရသည်။

စစ်တပ်အင်အား(၁၀၀) ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ တို့သည် ဝေတူးရွာကို ဝင်ရောက်ကာ သန်းခေါင်စာရင်း စစ်ဆေးမှုများပြုလုပ်ပြီး ရွာသူရွာသားတွေရဲ့ လက်ကိုင်ဖုန်း အားလုံးကို သိမ်းယူထားကြောင်းသိရသည်။

ရွာသားများ၏ လက်ကိုင်ဖုန်းအားလုံး အသိမ်းခံရသဖြင့် အသိမိတ်ဆွေများမှ ဖုန်းမခေါ်ကြဖို့လည်း ဝေတူးရွာ ဒေသခံပြည်သူ တစ်ဦးမှ သတိပေးအကြောင်းကြား တာမျိုးလည်း ရှိနေသည်ဟု ဒေသမီဒီယာများတွင် တွေ့ရသည်။

 ဝေတူးရွာမှ ရွာသား (၃)ယောက်ကိုလည်း စစ်ကောင်စီ စစ်တပ်မှ အကြောင်းမသိ ဖမ်းဆီးလိုက်ပြီး မတူပီမြို့အခြေစိုက် ဗျူဟာတပ်သို့ ခေါ်ဆောင်သွားကြကြောင်းနှင့် ယခုအချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိ‌ကြသေးကြောင်းလည်း သိရသည်။

မတူပီမြို့မှ ဝေတူးရွာသို့  ဖုန်းအဆက်အသွယ်လုပ်သူ မောင်ကာလ်ဝီလ်ကိုလည်း စစ်ကောင်စစီ စစ်တပ်မှ ဖမ်းဆီးထားကြောင်းလည်း ဒေသတွင်းမီဒီယာများ ဖော်ပြချက်အရ သိရသည်။

မတ်လ ၂၃ ရက်နေ့ကလည်း ချင်းပြည် တောင်ပိုင်း မင်းတပ်၊ မတူပီဖက်ကို စစ်ကောင်စီတပ်ဖွဲ့မှ ကား ၈၂ စီး၊ လူအင်အား ၂၀၀ ဝန်းကျင်ဖြင့် တတ်လာပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ရေးပြန်လည် ပြင်းထန်လာဖွယ် ရှိသည်ဟု ပြောဆိုမှုများ ရှိနေပါသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...