အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် မာန်အောင်မှ ဆေးရွက်ကြီးစိုက်ပျိုးသူများတွင် အပျက်အစီးနှင့်ရင်ဆိုင်ရ

အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် မာန်အောင်မှ ဆေးရွက်ကြီးစိုက်ပျိုးသူများတွင် အပျက်အစီးနှင့်ရင်ဆိုင်ရ

မာန်အောင်မြို့နယ်အတွင်း မတ်လ ၂၂ ရက်နေ့က မိုးရွာသွန်းခြင်းကြောင့် ဆေးရွက်ကြီးစိုက်ပျိုးရာတွင် အပျက်အစီးများပြားခဲ့ကြောင်း ဆေးရွက်ကြီးစိုက်ပျိုးတောင်သူများက ပြောဆိုသည်။

ဆေးရွက်ကြီးကို ဇန်နဝါရီလမှစတင်စိုက်ပျိုးကာ ဧပြီလအကုန်တွင် ဆေးရွက်ကိုစတင်ခူးယူကြရပြီး ယခုနှစ်ဆေးရွက်ခူးချိန်မရောက်မီ မိုးရွားသွန်းခြင်းကြောင့် ဆေးရွက်ကြီးပင်များ သေဆုံးမှုများရှိနေကြောင်း ညောင်ကုန်းကျေးရွာမှ ဆေးရွက်ကြီးစိုက်ပျိုးတောင်သူ ဦးမောင်သိန်းရင်ကဆိုသည်။

"မိုးရွာလိုက်တော့ ဆေးရွက်မှာ သဲတွေချည်းဖြစ်သွားတယ်။ ပြီးတော့ အပင်အောင်ခြေအမြစ်တွေ ပုတ်သွားတော့ အပင်တွေကသေတာများတယ်။ ဒီနှစ်က ဆေးရွက်စိုက်ပျိုးတောင်သူတွေ အများအပြားဟာ ဆုံးရှုံးမှုရှိသွားကြတယ်။ ပြီးတော့ဆေးရွက်တွေကို အချိန်အခါမဟုတ်ဘဲ ခူးလိုက်ရတော့ ဆေးရွက်ပိသာထွက် နည်းသွားတယ်"ဟု ၎င်းကပြောသည်။

နှစ်စဉ် ဆေးရွက်ပိသာချိန် ၂၅၀၀ ကျော်ရရှိပြီး ယခုနှစ် ၁ဝဝဝ ဝန်းကျင်သာရရှိတော့မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ယခင်နှစ်က ဆေးရွက်ကြီးတစ်ပိသာကို တစ်သိန်းငါးထောင်ခန့် စျေးနှုန်းရှိပြီး ယခုနှစ်ဆေးရွက်ကြီးများမှာ အချိန်မရောက်မှီခူးလိုက်ရ၍ ဆေးရွက်အရည်အသွေးမပြည့်သည့်အတွက် စျေးကောင်းကောင်းရမည်မဟုတ်ကြောင်း မာန်အောင်မြို့နယ်မှ ဆေးရွက်ကြီးစိုက်ပျိုးသူ ဦးလူလှကပြောသည်။

"ဆေးရွက်က အချိန်မရောက်မှီကပင် မိုးရွားလိုက်တော့ အပင်တွေသေတာရှိလာတော့ ခူးလိုက်ရတယ်။ ဆေးရွက်တွေက မရင့်ဘဲခူးလိုက်ရတော့ အရည်အသွေးမကောင်းဘူး။ အရင်နှစ်တွေလောက် ဆေးရွက်မထွက်ဘူး။ ကုန်သည်ကလဲ ဆေးရွက်အနုတွေကို ဝယ်မှာမဟုတ်ဘူး။ ဒီနှစ်က ဆေးရွက်စိုက်တောင်သူတွေဟာ တော်တော်ရှုံးကြတယ်"ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်အတွင်းရှိ ညောင်ကုန်း၊ ဇိုင်ပင်၊ ဒေါဒါန်းကုန်း၊ ဖက်ယား၊ ကန့်ကော်တော၊ ချောင်းနားစု၊ အောင်စည်ပြင်၊ သရော်တောကျေးရွာတို့တွင် ဆေးရွက်ကြီးကိုအဓိကစိုက်ပျိုးကြသည်။ ယခုအခါ ဆေးရွက်ကြီးစိုက်ပျိုးတောင်သူများမှာ အရှုံးများလာသည့်အတွက် စိုက်ပျိုးသူနည်းပါးလာကြောင်း ဆေးရွက်ကြီး စိုက်တောင်သူများထံမှ သိရသည်။

မာန်အောင်မြို့နယ်အတွင်းမှထွက်ရှိသော ဆေးရွက်ကြီးများကို ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ ပေါက်တော စသောမြို့နယ်များသို့ တင်ပို့ရောင်းချကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...