ရွေးကောက်ပွဲ ကျင်းပမယ့် လုပ်ငန်းစဉ် အားလုံး ရပ်နားထားဖို့ စစ်ကောင်စီ ကော်မရှင် ညွှန်ကြား

ရွေးကောက်ပွဲ ကျင်းပမယ့် လုပ်ငန်းစဉ် အားလုံး ရပ်နားထားဖို့ စစ်ကောင်စီ ကော်မရှင် ညွှန်ကြား

ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ် အားလုံးကို ရပ်နားထားဖို့ စစ်ကောင်စီ ပြည်ထောင်စု ရွေးကော်ပွဲ ကော်မရှင်က ညွှန်ကြားလာတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၃  ခုနှစ်မှာ ရွေးကောက်ပွဲမှာ ပြန်လည် ကျင်းပပေးမယ်လို့ ကြေညာထားတာ ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးတာနဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းဖို့ ပြီးခဲ့တဲ့လတွေ ကတည်းက ညွှန်ကြားထားတာပါ။

ဒါပေမယ့် အခုအခါမှာတော့ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ် အားလုံး ရပ်နားထားဖို့ စစ်ကောင်စီ ပြည်ထောင်စု ရွေးကော်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးကို မတ်လ တတိယအပတ်မှာ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ကော်မရှင်ရဲ့ ညွှန်ကြားစာမှာတော့ လတ်တလော နိုင်ငံရေး အခြေအနေအရ ရွေးကောက်ပွဲလုပ်ငန်းစဉ် ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး နောက်ထပ် ညွှန်ကြားချက် တစ်စုံတစ်ခု မထုတ်ပြန်ခင်အထိ ရပ်နားထားဖို့ ရေးသားထားပြီး တိကျခိုင်မာတဲ့ အကြောင်းပြချက်တော့ ဖော်ပြထားတာ မရှိဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီညွှန်ကြားစာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်းက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...