ဒီးမော့ဆိုမြို့ ထူးလွှီးဘီလာကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီမီးရှို့ခဲ့

ဒီးမော့ဆိုမြို့ ထူးလွှီးဘီလာကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီမီးရှို့ခဲ့
ဒီဇင်ဘာလ ၃ရက်နေ့ ထူးလွှီးဘီလာကျေးရွာက နေအိမ် မီးရှို့ခံရတဲ့စဥ်။
ဒီဇင်ဘာလ ၃ရက်နေ့ ထူးလွှီးဘီလာကျေးရွာက နေအိမ် မီးရှို့ခံရတဲ့စဥ်။

ဒီးမော့ဆိုမြို့ ၊ ထူးလွှီးဘီလာကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီက မတ်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ခဲ့တယ်လို့ KNDF B-19 တာဝန်ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့မရဲစခန်းကနေ လူအင်အား ၃၀ခန့် ထွက်လာတဲ့ စစ်ကောင်စီတပ်သားကို KNDF B-19 က ကင်းပုန်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက နေအိမ်တွေကို မီးရှို့သွားခဲ့တာ တယ်လို့ သူက ဆက်ပြောပါတယ်။

“ သူတို့မနေ့က ထူးလွီးဘီလာမှာ ရှို့တာကတော့ တိုက်ပွဲကြီးတော့ မဟုတ်ဘူး။ ကျနော်တို့နဲ့ သူတို့ထွက်လာတဲ့အချိန်မှာ သူတို့ ကင်းပုန်းနဲ့ ပစ်ကြတာရှိတယ်။ ကျနော်တို့ဘက်က သူတို့ဘက်လူအကျအဆုံးကိုတော့ မသိလိုက်ဘူးပေါ့နော။ သေချာမသိလိုက်ဘူးပေါ့နော။ တစ်ခုတော့ ရှိတယ်။ စစ်ကောင်စီက သူတို့ မီးရှို့ရင် များသောအားဖြင့် သူတို့ လူကျရင် သူတို့အလောင်းကို တခါတည်းအိမ်ထဲမှာထည့်ပြီး မီးရှို့တာ ရှိတယ်ပေါ့နော။ “ လို့ KNDF B-19 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယခင်ကလည်း ထူးလွှီးဘီလာကျေးရွာမှာ စစ်ကောင်စီမီးရှို့ခဲ့တဲ့ နေအိမ် ၁၀လုံးခန့်ရှိနေပြီး ဒေသခံတွေကတော့ စစ်ဘေးရှောင်နေကြပါတယ်။ ဒါအပြင် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအတွင်းက နေအိမ်အလုံး ( ၄၀ )ကို လည်း တစ်ပတ်အတွင်း စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့တယ်လို့ DMO-PDF က မတ်လ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့မှာလည်း မိုးဗြဲမြို့နယ် ဝှါရီဆူးလိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မတ် ၂၀ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် စံပြ ၃မိုင် ပကြဲကျေးရွာမှာလည်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...