စစ်တပ် အာဏာသိမ်းပြီးနောက် ကဏ္ဍအသီးသီးမှာ အမျိုးသမီး ပါဝင်ခွင့်ရမှု ထက်ဝက်ကျော် လျော့ကျလာ

စစ်တပ် အာဏာသိမ်းပြီးနောက် ကဏ္ဍအသီးသီးမှာ အမျိုးသမီး ပါဝင်ခွင့်ရမှု ထက်ဝက်ကျော် လျော့ကျလာ

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးကလွဲပြီး ကဏ္ဍအသီးသီးမှာ အမျိုးသမီး ပါဝင်ရမှု ထက်ဝက်ကျော် လျော့ကျလာတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အမျိုးသမီးတွေဟာ တော်လှန်ရေးကလွဲပြီး အရင်ကလို ဖွံ့ဖြိုးရေးကဏ္ဍ အသီးသီးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့် မရတော့သလို ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုရေး ကဏ္ဍအသီးသီးမှာလည်း ပါဝင်ခွင့်ရမှု တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အမျိုးသမီး ပါဝင်မှုဟာ အရင်ကထက် (၃)ပုံ (၂)ပုံ နီးပါး ကျဆင်းလာတယ်လို့ အမျိုးသမီး အရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“လက်ရှိမှာ ဆိုလို့ရှိရင်တော့ နိုင်ငံရေး အကူအပြောင်းကြောင့် ဆိုလိုရှိရင်တော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေက တော်တော်လေကိုတော့ အကြပ်ရိုက်စေတယ် အကြပ်အတည်း ဖြစ်နေတယ်ပေါ့နော်၊ ဘာကြောင့်လည်း ဆိုလိုရှိရင် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆိုလိုရှိရင် အမျိုးသမီးတွေ တော်တော်များများကို သူတို့က ဘယ်လိုပြောမလည်း အလုပ်အကိုင် အခွင့်အလမ်းမှာ ဖြစ်စေ ဒါမှမဟုတ်လို့ရှိရင် ပူးပေါင်းပါဝင်တဲ့ အခန်းကဏ္ဍမှာဖြစ်စေ ကျမတို့တွေက အရင်ကလောက်ကို ကျမတို့က အရာ မဝင်တော့ဘူး၊ ထည်းထည်းဝင်ဝင်လည်း မရှိတော့ဘူး အဲ့လိုမျိုးတွေတော့ ရှိတယ်၊ အရင်ကထက် စာလိုရှိရင် ကျမတို့က (၃)ပုံ ပုံ (၂)ပုံလောက်ထိကို အဲ့လောက်ထိကို လျော့ကျသွားတာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလေ”လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ၊ ဖိနှိပ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမှုတွေအတွက်လည်း ဥပေဒအကာအကွယ် မရတော့သလို ရသင့်ရထိုက်တဲ့ အခြေခံ အခွင့်အရေးတွေပါ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

အခုလို အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍတွေ လျော့ကျလာတာကြောင့် ရေရှည်မှာ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွပ်လပ်စွာနေထိုင်ခွင့်အပါအဝင် အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးလာနိုင်တယ်လို့ ဆိုကြပါတယ်။

ဖွံ့ဖြိုးရေး ကဏ္ဍအသီးသီးမှာ အမျိုးသမီး ပါဝင်ခွင့် လျော့ကျလာပေမယ့် စစ်အာဏာရှင် တော်လှန်ရေးမှာတော့ အမျိုးသမီးတွေက ထဲထဲဝင်ဝင် ဦးဆောင် ပါဝင်နေတာလည်း ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...