မတူပီမြို့နယ်တွင် ညနေ ၆ နာရီမှ မနက် ၅ နာရီအထိ လုံးဝအပြင်မထွက်ကြရန် CDF-Matupi အဖွဲ့ကြေညာ

မတူပီမြို့နယ်တွင် ညနေ ၆ နာရီမှ မနက် ၅ နာရီအထိ လုံးဝအပြင်မထွက်ကြရန် CDF-Matupi အဖွဲ့ကြေညာ

မတူပီမြို့နယ်အတွင်းမိဘပြည်သူများအနေဖြင့်ယခုရက်ပိုင်းအတွင်းခရီးသွားလာခြင်း၊ အမဲလိုက်ခြင်းနှင့် ည၆နာရီမှ မနက် ၅ နာရီကြားလုံး၀အပြင်မထွက်ကြရန်နှင့်လိုက်နာဆောင်ရွက်ရမည့်အချက်များအား CDF-Matupi မှ ၂၀၂၂ခုနှစ်မတ်လ ၂၁ ရက်နေ့တွင်အသိပေးချက် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် လိုင်းကား၊ ကုန်ကား၊မော်တော် ဆိုင်ကယ် အပါအဝင် ယာဉ်ကြီး၊ယာဉ်ငယ်များအသုံးပြု၍ခရီးသွားလာခြင်းမပြုရန်၊မတူပီမြို့နယ် အတွင်းရှိကျေးရွာများများမှပြည်သူများအနေဖြင့် ရွာပြင်ထွက်၍သွားလာခြင်းများမပြုကြရန်၊မတူပီမြို့နယ်အတွင်းရှိပြည်သူများနှင့်ကျေးရွာနေပြည်သူများအနေဖြင့်ည ၆ နာရီမှ မနက် ၅ နာရီကြား လုံး၀ (လုံး၀) အပြင်ထွက်သွားလာခြင်းများမပြုကြရန်နှင့်ယခုရက်ပိုင်းစစ်ကြောင်းကာလတလျှောက် တောထွက်ခြင်း၊အမဲလိုက်ခြင်း၊စိုက်ခင်းတောင်ယာများသို့ သွားလာခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် စသည့်အချက်များပါဝင်သည်။

အဆိုပါထုတ်ပြန်ချက်များအားလိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြဿနာတစ်စုံတစ်ခုကြုံတွေ့ရပါက မည်သည့်ပြဿနာမျိုးမဆို CDF-Matupi အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းCDF-Matupi မှသတင်းထုတ်ပြန်ထားသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...