မတူပီမြို့နယ်အတွင်းမိဘပြည်သူများအနေဖြင့်ယခုရက်ပိုင်းအတွင်းခရီးသွားလာခြင်း၊ အမဲလိုက်ခြင်းနှင့် ည၆နာရီမှ မနက် ၅ နာရီကြားလုံး၀အပြင်မထွက်ကြရန်နှင့်လိုက်နာဆောင်ရွက်ရမည့်အချက်များအား CDF-Matupi မှ ၂၀၂၂ခုနှစ်မတ်လ ၂၁ ရက်နေ့တွင်အသိပေးချက် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် လိုင်းကား၊ ကုန်ကား၊မော်တော် ဆိုင်ကယ် အပါအဝင် ယာဉ်ကြီး၊ယာဉ်ငယ်များအသုံးပြု၍ခရီးသွားလာခြင်းမပြုရန်၊မတူပီမြို့နယ် အတွင်းရှိကျေးရွာများများမှပြည်သူများအနေဖြင့် ရွာပြင်ထွက်၍သွားလာခြင်းများမပြုကြရန်၊မတူပီမြို့နယ်အတွင်းရှိပြည်သူများနှင့်ကျေးရွာနေပြည်သူများအနေဖြင့်ည ၆ နာရီမှ မနက် ၅ နာရီကြား လုံး၀ (လုံး၀) အပြင်ထွက်သွားလာခြင်းများမပြုကြရန်နှင့်ယခုရက်ပိုင်းစစ်ကြောင်းကာလတလျှောက် တောထွက်ခြင်း၊အမဲလိုက်ခြင်း၊စိုက်ခင်းတောင်ယာများသို့ သွားလာခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် စသည့်အချက်များပါဝင်သည်။
အဆိုပါထုတ်ပြန်ချက်များအားလိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြဿနာတစ်စုံတစ်ခုကြုံတွေ့ရပါက မည်သည့်ပြဿနာမျိုးမဆို CDF-Matupi အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းCDF-Matupi မှသတင်းထုတ်ပြန်ထားသည်။







