မင်းတပ် - မတူပီ လမ်းမအား ယာယီပိတ်ထားကြောင်း ဒေသကာကွယ်ရေး မင်းတပ် ထုတ်ပြန်

မင်းတပ် - မတူပီ လမ်းမအား ယာယီပိတ်ထားကြောင်း ဒေသကာကွယ်ရေး မင်းတပ် ထုတ်ပြန်

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ် - မတူပီ လမ်းမအား ယာယီပိတ်ထားကြောင်း ပြည်သူများကို အသိပေး ထုတ်ပြန်ချက် ကို Chin Defence Force – Mindat က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

မင်းတပ် - မတူပီလမ်းအား မတ်လ ၁၉ ရက်နေ့မှ စ၍ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း နှင့် သွားလာခြင်း မပြုကြရန်  လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသည့် ထ်ိခိုက်ပျက်စီး ဆုံးရှုံးမှုများကို တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း Chin Defence Force – Mindat မှ ထုတ်ပြန်ထားပါသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် မင်းတပ်မြို့ပေါ်နေ ပြည်သူများ အနေဖြင့် မတ်လ ၁၉ ရက်နေ့မှ စတင်ပြီး ညနေ ၅ နာရီမှ မနက် ၅ နာရီအတွင်း မိမိနေအိမ်မှ အိမ်ပြင် မထွက်ကြရန် နှင့် လိုက်နာခြင်း မရှိဘဲ ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအား တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်းကိုလည်း Chin Defence Force – Mindat က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

ယမန်နေ့တွင် မတူပီမြို့နယ်  မရာနယ်မှ ထယ်ဘွေးသို့ တိတ်တဆိတ် ချီတတ်လာသည့် စစ်ကောင်စီတပ်သားများမှ  CDF – Matupi တပ်သား ၂ ဦးအား ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦးကိုလည်း သတ်ဖြတ်ခံရပြီဟု သတ်မှတ်နိုင်ကြောင်း ဒေသမီဒီယာများ ဖော်ပြချက်အရ သိရသည်။

ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခံရသည့် CDF – Matupi တပ်သား တစ်ဦး၏ အလောင်း ဘေးပက်လည်တွင်  စစ်ကောင်စီတပ်ဖွဲ့မှ မိုင်းများထောင်ထားသဖြင့် အလောင်းကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

 
 

 

 

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...