မင်းတပ် - မတူပီ လမ်းမအား ယာယီပိတ်ထားကြောင်း ဒေသကာကွယ်ရေး မင်းတပ် ထုတ်ပြန်

မင်းတပ် - မတူပီ လမ်းမအား ယာယီပိတ်ထားကြောင်း ဒေသကာကွယ်ရေး မင်းတပ် ထုတ်ပြန်

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ် - မတူပီ လမ်းမအား ယာယီပိတ်ထားကြောင်း ပြည်သူများကို အသိပေး ထုတ်ပြန်ချက် ကို Chin Defence Force – Mindat က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

မင်းတပ် - မတူပီလမ်းအား မတ်လ ၁၉ ရက်နေ့မှ စ၍ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း နှင့် သွားလာခြင်း မပြုကြရန်  လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသည့် ထ်ိခိုက်ပျက်စီး ဆုံးရှုံးမှုများကို တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း Chin Defence Force – Mindat မှ ထုတ်ပြန်ထားပါသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် မင်းတပ်မြို့ပေါ်နေ ပြည်သူများ အနေဖြင့် မတ်လ ၁၉ ရက်နေ့မှ စတင်ပြီး ညနေ ၅ နာရီမှ မနက် ၅ နာရီအတွင်း မိမိနေအိမ်မှ အိမ်ပြင် မထွက်ကြရန် နှင့် လိုက်နာခြင်း မရှိဘဲ ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအား တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်းကိုလည်း Chin Defence Force – Mindat က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

ယမန်နေ့တွင် မတူပီမြို့နယ်  မရာနယ်မှ ထယ်ဘွေးသို့ တိတ်တဆိတ် ချီတတ်လာသည့် စစ်ကောင်စီတပ်သားများမှ  CDF – Matupi တပ်သား ၂ ဦးအား ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦးကိုလည်း သတ်ဖြတ်ခံရပြီဟု သတ်မှတ်နိုင်ကြောင်း ဒေသမီဒီယာများ ဖော်ပြချက်အရ သိရသည်။

ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခံရသည့် CDF – Matupi တပ်သား တစ်ဦး၏ အလောင်း ဘေးပက်လည်တွင်  စစ်ကောင်စီတပ်ဖွဲ့မှ မိုင်းများထောင်ထားသဖြင့် အလောင်းကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

 
 

 

 

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...