ဒီမော့ဆိုမှာ စစ်ကောင်စီက ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်နေ

ဒီမော့ဆိုမှာ စစ်ကောင်စီက ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်နေ

ကရင်နီ(ကယားပြည်နယ်) ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကယားပြည်နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် လေကြောင်း၊ ကြည်းကြောင်း အပါအဝင် အင်အားအလုံးအရင်နဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး အတွဲဆိုင်းဒုံတွေနဲ့ အဆက်မပြတ် တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF သတင်းပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်မှာတော့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အခုလအတွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကရင်နီတပ်မတော် နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ၆ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ကယားပြည်နယ်တဝန်းမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ သိန်းနဲ့ချီ ရှိလာခဲ့တာဖြစ်ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...