ထားဝယ်မှာ စစ်ကောင်စီက ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး တစ်ဦး ကျပ် ၂ သိန်းနှုန်းနဲ့ ပြန်ရွေးခိုင်းနေ

ထားဝယ်မှာ စစ်ကောင်စီက ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး တစ်ဦး ကျပ် ၂ သိန်းနှုန်းနဲ့ ပြန်ရွေးခိုင်းနေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ညမထွက်ရအမိန့် ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံပြည်သူ ၁၀၀ ကျော်နဲ့အတူ စီးနင်းလာတဲ့ ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၅  ရက်နေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ဒီကနေ့ မနက် ၃ နာရီလောက်ကစပြီး ထားဝယ် လမ်းဆုံကြီး မီးပွိုင့်မှာ အင်အား အလုံးအရင်းနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရလိုက်တဲ့ ဒေသခံပြည်သူတွေဟာ ထားဝယ်ကမ်းနားဈေးမှာ ဈေလာရောင်းတဲ့ ဈေးသည်တွေ အများစု ပါဝင်တာ ဖြစ်ပြီး၊ အရင်ကလည်း မနက်ပိုင်း ၃ နာရီလောက်မှာ ဈေးရောင်းဖို့ ပုံမှန် လာရောက်နေကြတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံပြည်သူ ၁၀၀ ကျော်ကိုတော့ ထားဝယ်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ဆိုင်ကယ်တွေကိုတော့ ထားဝယ်ခရိုင်ယာဉ်ထိန်းရဲရုံးမှာ ထားရှိထားတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးခံထားရသူတွေကို တစ်ဦး ငွေကျပ် ၂ သိန်းနှုန်းအပြင် ဆိုင်ကယ်တစ်စီး ငွေကျပ် ၂ သိန်းနှုန်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူ တချို့ ပိုက်ဆံပေးပြီး ပြန်လွတ်လာပေမယ့် အများစုကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ဒေသခံပြည်သူတွေကို မကြာခဏဆိုသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...