NUCC မှာ ကိုယ်စားပြုခွင့်ပေးဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီ တောင်းဆို

NUCC မှာ ကိုယ်စားပြုခွင့်ပေးဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီ တောင်းဆို

အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ ကိုယ်စားပြု ခွင့်ပေးဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဟာ NUCC မှာ ကိုယ်စားပြုခွင့်ရဖို့အတွက် ၂ ကြိမ်တိုင်တိုင် စာပို့ထားပေမယ့် အသိအမှတ်ပြုတာ မခံရဘူးလို့ ပြောပါတယ်။

NUCC မှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုရတာဟာ ဒေသအတွင်းက အသံတွေကို ကိုယ်စားပြုတင်ပြဆွေးနွေးနိုင်ဖို့၊ လက်ရှိ နိုင်ငံရေး အကျပ်အတည်းနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် ပါဝင်ဆွေးနွေးခွင့်ရဖို့ တောင်းဆိုရတာလို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲက ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထးဝယ်ခရိုင်သပိတ်ကော်မတီကို NUCC မှာ ကိုယ်စားပြုခွင့်ပေးဖို့နဲ့ သပိတ်အဖွဲ့တွေအနေနဲ့လည်း ခရိုင်သပိတ်ကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားတာပါ။

ထားဝယ်အကျဉ်းထောင်ထဲမှာတော့ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အတွက်ကြောင့် ဖမ်းဆီးခံရသူ ၁၀၀၀ နီးပါးရှိပြီး အဲဒီထဲမှာတော့ ၂၀၀ ကျော်ကတော့ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီး အမိန့်ချမှတ်ခံထားရပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...