လွိုင်ကော်မြို့တွင်း ယနေ့မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး Loikaw PDF တစ်ဦးကျဆုံး

လွိုင်ကော်မြို့တွင်း ယနေ့မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး Loikaw PDF တစ်ဦးကျဆုံး

ယနေ့( မတ်လ ၁၄ရက်နေ့) မနက် ၈နာရီဝန်းကျင်အချိန်မှာ လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး Loikaw PDF တစ်ဦးကျဆုံး ကျဆုံးခဲ့တယ်လို့ Loikaw PDF က ထုတ်ပြန်ထားပါတယ်။

ပြောက်ကျားပစ်ခတ်မှု ပြုလုပ်ရင်း ကျဆုံးသွားသူမှာ Loikaw PDF ရဲဘော် မျိုးအောင်( ခ ) ပေါလူဖြစ်ပြီး သူရဲကောင်းအဖြစ်မှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း လွိုင်ကော်မြို့နယ် ထီတရိကျေးရွာဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် လင်ဖုံးလမ်းခွဲမှာ ရှိနေတဲ့ စစ်ကောင်စီနဲ့ Loikaw PDF ၊ KNDF တို့ ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၇ယောက်ကျဆုံးခဲ့တယ်လို့ Loikaw PDF က ထုတ်ပြန်ထားပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...