လွိုင်ကော်မြို့တွင်း ယနေ့မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး Loikaw PDF တစ်ဦးကျဆုံး

လွိုင်ကော်မြို့တွင်း ယနေ့မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး Loikaw PDF တစ်ဦးကျဆုံး

ယနေ့( မတ်လ ၁၄ရက်နေ့) မနက် ၈နာရီဝန်းကျင်အချိန်မှာ လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး Loikaw PDF တစ်ဦးကျဆုံး ကျဆုံးခဲ့တယ်လို့ Loikaw PDF က ထုတ်ပြန်ထားပါတယ်။

ပြောက်ကျားပစ်ခတ်မှု ပြုလုပ်ရင်း ကျဆုံးသွားသူမှာ Loikaw PDF ရဲဘော် မျိုးအောင်( ခ ) ပေါလူဖြစ်ပြီး သူရဲကောင်းအဖြစ်မှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း လွိုင်ကော်မြို့နယ် ထီတရိကျေးရွာဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် လင်ဖုံးလမ်းခွဲမှာ ရှိနေတဲ့ စစ်ကောင်စီနဲ့ Loikaw PDF ၊ KNDF တို့ ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၇ယောက်ကျဆုံးခဲ့တယ်လို့ Loikaw PDF က ထုတ်ပြန်ထားပါတယ်။

May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...