ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ၏ ခလရ ၃၂ တပ်ရင်းရှေ့ တိုက်ပွဲပြင်းထန်

ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ၏ ခလရ ၃၂ တပ်ရင်းရှေ့ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၃၂ တပ်ရင်းစခန်းရှေ့အနီးတွင် ယနေ့ မတ်လ ၁၄ ရက် နံနက်အချိန်က နှစ်ဖက်ပစ်ခတ်မှု ပြင်းထန်နေကြောင်း မြို့ခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမနှင့် ကော့ကရိတ်မြို့သို့ သွားသည့် လမ်းကြောင်းများ သွားလာရေးပြတ်တောက်လျက်ရှိပြီး မြို့ခံလူထုများလည်း ပစ်ခတ်မှုကြောင့် စိုးရိမ်ကြောက်လန့်နေကြရသည်ဟု သိရသည်။

“ မြို့ပေါ်မှာတိုက်ပွဲဖြစ်တော့ ကျောင်းသွားတဲ့ကလေးတွေ သွားကြိုကြတာနဲ့ အချို့လည်း ဘယ်မှသွားလာမရလို့ ပိတ်မိနေကြသေးတယ်။ ဘယ်မှသွားလာလို့ မရဲဘူး။ လက်နက်ကြီးရော လက်နက်အငယ်ရော တရပ်စပ်ပစ်ခတ်နေကြတုန်းပဲ။ စစ်တပ်ရှေ့မှာ တိုက်ပွဲဖြစ်နေတာပါ” ဟု ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၃၂ တပ်ရင်းနှင့် လက်နက်အကိုင်အဖွဲ့တစ်ဖွဲ့(စုံစမ်းဆဲ)တို့ နံနက် ၉ နာရီအချိန်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့ပေါ်လမ်းမတစ်လျှောက်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်နေကြသည်ဟု မြို့ခံများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ မင်္ဂလာကုန်းအနောက်ဘက်နှင့် စစ်ကောင်စီတပ်အနီးတစ်၀ိုက်တွင် နံနက် ၉ နာရီမှ စတင်ဖြစ်ပွားသည့် တိုက်ပွဲမှာ ယခု နေ့လည်အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု မြို့ခံများထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...