မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းပြုပြင်ရန် ကုန်တင်ယာဉ်များသွားလာခွင့် ခေတ္တပိတ်ထားမည်

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းပြုပြင်ရန် ကုန်တင်ယာဉ်များသွားလာခွင့် ခေတ္တပိတ်ထားမည်

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း မိုင်တိုင် 135 km နှင့် 136 km ကြား တောနော်ရေတံခွန်အနီးရှိ တံတားပြုပြင်ရန်ရှိသဖြင့် ကုန်တင်ယာဉ်များ သွားလာခွင့်ကို (၃) ရက်ခန့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားမှာ ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့က မိုင်းခွဲခြင်းခံရသဖြင့် တံတားထောက်တိုင်(၂)တိုင် ကျိုးပဲ့ပျက်စီးခဲ့ခြင်းကြောင့် ပြန်လည်ပြုပြင်မည်ဖြစ်၍ ထိုရက်အတောအတွင်း ကုန်တင်ယာဉ် ကားကြီးများကို သွားလာမှုကို ကန့်သတ်ထားပြီး အိမ်စီးကားများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်ငယ်များကိုသာ ဖြတ်သန်းသွားလာခွင့်ပေးသွားမည် ဟု မြဝတီနယ်စပ်ကုန်သွယ်ရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မှန်လုံယာဉ်အပါအဝင် ကုန်တင်ယာဉ် (၄) စီးခန့် ပစ်ခတ်မီးရှို့ခံရပြီးနောက် ၎င်းလမ်းပိုင်းအား သွားလာခွင့် ပိတ်ထားခဲ့ပြီး နောက်တစ်နေ့တွင် လမ်းပြန်ဖွင့်ပေးခဲ့၍ ယာဉ်သွားလာမှုများ ရှိနေသည်။

သို့သော် မိုင်းခွဲခံထားရသော အာရှလမ်း မိုင်တိုင် 135 km နှင့် 136 km ကြား တောနော်ရေတံခွန်အနီးရှိ တံတားမှာကြံ့ခိုင်မှုအားနည်းနေသည့်အတွက် ယာဉ်ဖြတ်သန်းသွားလာမှု၌ အဆင်းအတက်စောင့်ဆိုင်းနေရခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...