လာမယ့် အစည်းအဝေးမှာ PPST ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေးအတည်ပြုမယ်လို့ ဆို

လာမယ့် အစည်းအဝေးမှာ PPST ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေးအတည်ပြုမယ်လို့ ဆို

လာမယ့် အစည်းအဝေးမှာ PPST ရဲ့ နိုင်ငံရေးဦးတည်ချက် (၇)ရပ်အပေါ် နိုင်ငံရေးလမ်းပြမြေပုံ အဆိုပြုချက် ၈ ချက်ကို ဆွေးနွေးအတည်ပြုသွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ နှစ်ရက်တာ ကျင်းပခဲ့တဲ့ အပစ်ရပ် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းမှာ နိုင်အောင်မင်းက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် PPST ရဲ့ လိုအပ်တဲ့ စုဖွဲ့မှုအသစ်စာတမ်းကိုလည်း လာမယ့် ပုံမှန်အစည်းအဝေးမှာ ရှင်းလင်းတင်ပြနိုင်ဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံကို လာရောက်မယ့် အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်သွားဖို့ သဘောထားချမှတ်နိုင်ခဲ့တယ်လို့ နိုင်အောင်မင်းက ဆိုပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းဟာ လာမယ့် မတ်လ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ သုံးရက်တာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာပါ။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ PPST က မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...