သစ်ထုတ်လုပ်မှုတွေကို တားမြစ်တဲ့ အမိန့် ကရင်နီ အစိုးရထုတ်ပြန်

သစ်ထုတ်လုပ်မှုတွေကို တားမြစ်တဲ့ အမိန့် ကရင်နီ အစိုးရထုတ်ပြန်

ကရင်နီပြည်နယ်တွင်းက သစ်ထုတ်လုပ်မှုတွေကို ပိတ်ပင်တားမြစ်သွားမှာဖြစ်ပြီး ထုတ်လုပ်မှုတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမယ်လို့ ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“ အရေးယူမယ်ဆိုတာကတော့ ကျနော်တိုမှာရှိနေတဲ့ တပ်အားလုံးတော့ ညွှန်ကြားထားပြီးပြီ တရားဝင်ဝင်၊ တရားမဝင်ဝင် အဲ့ဒီသစ်ထုတ်လုပ်ပြီဆိုကတည်းက ပြည်ထဲရေးမှာက ရဲတွေရှိမယ်။ တရားဥပဒေစိုးမိုးရေးပေါ့။ တရားဥပဒေစိုးမိုးရေးအရပဲ ကျနော်တို့ အရေးယူသွားမှာပါ။ လူထုလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဌာနဆိုတာ ရှိပါတယ်။ ကျနော်တို့ ကရင်နီပြည်နယ်မှာရှိတဲ့ တရားဥပဒေစိုးမိုးရေးအရ ကျနော်တို့ အရေးယူဆောင်ရွက်သွားမှာ မလို့ပါ။ ဥပမာ သစ်တွေ၊ ကားတွေ၊ လူတွေ ဖမ်းဆီးကောင်း ဖမ်းဆီးမယ်ပေါ့။ သစ်တွေ သိမ်းရင်သိမ်းမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လုံးဝခွင့်မပြုတော့ဘူးလေ။” လို့ ကရင်နီ အစိုးရ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

ကရင်နီပြည်နယ်ကို ပြန်လည်ထူထောင်ရေးပြုလုပ်တဲ့အချိန် လိုအပ်တဲ့သစ်တွေကို အသုံးပြုနိုင်ဖို့ အခုလိုတားမြစ်ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ ကရင်နီပြည်မှာ ကြုံတွေ့လာရတဲ့ ခေတ်ဆိုးခေတ်ပျက်အခြေအနေကို အခွင့်ကောင်းယူပြီး စစ်ကောင်စီနဲ့ လက်ဝါးခြင်းရိုက်ပြီး စီးပွားရှာနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတွေ့နေရဆဲဖြစ်ကြောင်း အမိန့်စာထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သစ်ထုတ်လုပ်မှု မှန်သမျှကို ပိတ်ပင်သွားမှာဖြစ်ပြီး သစ်ထုတ်လုပ်မှု၊ သစ်သယ်ယူမှုတွေကိုပါ အရေးယူသွားမှာဖြစ်တယ်လို့ ခူညေးရယ် က ပြောပါတယ်။

အဆိုပါ အမိန့်စာကို ကရင်နီ အစိုးရ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က လက်မှတ်ရေးထိုး ပြီး က ယမန်နေ့ မတ်လ ၉ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...