၃ ရက်အတွင်း ဒီးမော့ဆိုမြို့နယ်မှာ နေအိမ်အလုံး (၄၀) မီးရှို့ခံရ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုရှိ

၃ ရက်အတွင်း ဒီးမော့ဆိုမြို့နယ်မှာ နေအိမ်အလုံး (၄၀) မီးရှို့ခံရ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုရှိ

မတ်လ ၇ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ် အတွင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာအတွင်းမှာ တပ်စွဲပြီး နေအိမ် (၄၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာတွေကတော့ ဒီးမော့ဆိုမြို့နယ်ထဲက ပူဖားကျေးရွာနဲ့ သေးဆူလဲကျေးရွာပဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်မှ ပူဖားကျေးရွာနဲ့ သေးဆူလဲကျေးရွာအတွင်းရှိ လူထုနေအိမ်များ ၊ ဘာသာရေး အဆောက်အဦးများ၊ စာသင်ကျောင်းတွေမှာ တပ်စွဲကာ နေအိမ်တွင်းရှိ ပစ္စည်များဖောက်ထွင်းခိုးယူခြင်းများကိုပါ နေ့စဥ်လုပ်ဆောင်လျက်ရှိတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့ မတ်လ ၉ရက်နေ့မှာ ပူဖားကျေးရွာနဲ့ သေးဆူလဲကျေးရွာတွေမှာ တပ်စွဲလုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပါတယ်။

အထိနာတဲ့ စစ်ကောင်စီတပ်က ပူဖားကျေးရွာနဲ့ သေးဆူလဲကျေးရွာအတွင်း ပြည်သူလူထုတွေရဲ့နေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ကို စစ်ကြောင်းထိုးနေစဉ်အတောအတွင်း စစ်ကောင်စီတပ်က မြေပြင်မှာ တင့်ကား ၂စီးအပြင် လေကြောင်းတိုက်ခိုက်မှုကလည်း နေ့စဉ်နီးပါးပြုလုပ်နေတာဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၆နာရီ ၂၂မိနစ်မှစ ၆နာရီ ၄၂မိနစ်အထိ စစ်ကောင်စီတိုက်လေယာဉ်က ဒေါငံခါးရပ်ကွက်နဲ့ ကုန်းသားကျေးရွာဖက် လမ်းမတစ်လျှောက်ကို ၇ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေါငံခါးရပ်ကွက် အတွင်းရှိ ကက်သလစ် သီလရှင်ကျောင်းဆောင်နဲ့ ဘိုးဘွားရိပ်သာအဆောင်များ ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...