မတ်လ ပထမပတ်အတွင်း ဒီးမော့ဆိုတွင် တိုက်ပွဲ(၇)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီ ၄၃ ဦးသေ

မတ်လ ပထမပတ်အတွင်း ဒီးမော့ဆိုတွင် တိုက်ပွဲ(၇)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီ ၄၃ ဦးသေ

ကရင်နီပြည် ဒီးမော့ဆိုမှာ မတ်လ ပထမပတ်အတွင်း တိုက်ပွဲ(၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမှုများပြီး KNDFထုတ်ပြန်ချက်အရ မတ်လပထမပတ်အတွင်း (၄၃)ဦး သေဆုံးခဲ့ပြီး KNDFဖက် ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ(၁၅)ရက်နေ့က မိုးဗြဲကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီဟာ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ပူဖားနဲ့သေးဆူလဲရွာတွေအထိ ရောက်ရှိနေဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားပြည်သူတွေကိုလည်း သတ်ဖြတ်တာတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေလည်း ပြုလုပ်လျက်ရှိနေပါတယ်။

“ အိမ်မီးလောင်တာကတော့ စစ်ကောင်စီ ဖြတ်သွားလေတိုင်းကတော့ အိမ်မီးလောင်တယ်။ အိမ်မီးရှို့တယ် ဆိုတဲ့ဟာကျနော်တို့ သိတယ်။ ဒါပေမယ့် သူတို့ဖြတ်သွားတဲ့တစ်လျောက်မှာ အိမ်ဘယ်နှလုံးမီးရှို့ ခဲ့လဲဆိုတာကျနော် အသေးစိတ် မသိရသေးဘူးခင်ဗျ။ “ လို့ KNDFသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့တစ်လျောက်မှာဆိုရင်လည်း လေကြောင်းနဲ့ ဗုံးကျဲတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ပြုလုပ်ပြီး တင့်ကားတွေအပါအဝင် အတွဲလိုက်ပစ်ရော့ကဒ်ဒုံး(MLRS)တွေ အသုံးပြုတိုက်ခိုက်တာတွေလည်း ရှိပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးအနားကျေးရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စုစုပေါင်း (၁၉)ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။

မတ်လပထမပတ်အတွင်း စစ်ကောင်စီကနေပြီး ဆင်တောင်ကျေးရွာပြည်သူ(၃)ဦးနဲ့ နန်းဖဲကျေးရွာအုပ်စု ကွက်သစ်ကျေးရွာက ပြည်သူ ၂ဦးတို့ကို သတ်ဖြတ်ခဲ့ပါတယ်။ မနေ့က (မတ်လ၈ရက်)မနက်မှာဆိုရင် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ ဆောင်ဒူလာကျေးရွာ ကို ဗုံးကျဲတိုက်ခိုက်ခဲ့သလို လွယ်ထွဲကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး ကလေးငယ်(၃)ဦးသေဆုံးခဲ့ရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...