မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူခံစားရပြီး တတ်နိုင်သည့်ဘက်မှ ကူညီပေးသွားမည်ဟု CYMA ဥက္ကဌပြော

မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူခံစားရပြီး တတ်နိုင်သည့်ဘက်မှ ကူညီပေးသွားမည်ဟု CYMA ဥက္ကဌပြော

စစ်ရေး နိုင်ငံရေးအခြေအနေကြောင့် ဒုက္ခအဝဝခံစားနေကြရသည့် မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူခံစားရပြီး စစ်ဘေးရှောင်းများအနေဖြင့် မိမိတို့၏အခက်အခဲများကို အားမနာတမ်းတင်ပြကြရန်နှင့် တတ်နိုင်သည့်အပိုင်းမှာ ကူညီဆောင်ရွက်ပေးရန် အသင့်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် Central Young Mizo Association (CYMA) ဥက္ကဌ Pu R.Lalngheta ပြောသည်။

“မီဇိုးပြည်သူလူထုအနေနဲ့ ခင်ဗျားတို့ ခံစားနေရသလို ထပ်ထူခံစားနေကြပါတယ်။ မိမိပိုင်ဆိုင်ထားတဲ့ အိုးအိမ်တွေကို စွန့်ခွာပြီးတော့ မီဇိုရမ်မှာ ခက်ခက်ခဲခဲလာနေရတဲ့အခြေအနေထိ ဖြစ်လာတဲ့အပေါ်မှာလည်း တကယ်ဘဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ခင်များတို့အခက်အခဲကို ကျနော်တို့ နာလည်းတယ်။ အခက်အခဲရှိရင် အားမနာဘဲ ပြောကြပါ။ Central YMA အနေနဲ့ လုပ်ပေးနိုင်တဲ့အပိုင်းမှာတော့ နောက်ဆုတ်ထွက်ပြေးမှာမဟုတ်ပါဘူး" ဟု CYMA ဥက္ကဌက ပြောသည်။

မီဇိုရမ်ပြည်နယ်ရှိ Hangzo Natural Park နှင့် Zo Friendship International တို့ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ်သို့ ထွက် ပြေးခိုလုံလာကြသည့် စစ်ဘေးရှောင်များအား နှစ်သိမ့်အားပေးသည့် (Raltlan Thlahual) အခမ်းအနားကို မတ်လ ၇ ရက်နေ့က Hangzo Natural Park တွင် ကျင်းပခဲ့ကြပြီး ယင်းအခမ်းအနားတွင် ဧည့်သည်တော်ကြီးအဖြစ်တက်ရောက်လာသည့် CYMA ဥက္ကဌက ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။  

Central YMA အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များခိုလုံနေထိုင်ကြသည့် ဒေသအားလုံးသို့ သွားရောက်ရန် စီစဉ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်အကောင်အထည်မဖော်နိုင်သေးသော်လည်း အိုင်ဇောလ်မြို့နှင့်အနီးတ ဝိုက်တွင်နေထိုင်ကြသည့် စစ်ဘေးရှောင်စခန်းများကိုမူ မတ်လ ၁၁ နှင့် ၁၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုကြမည်ဟု ၎င်းကပြောသည်။

မီဇိုးလူငယ်အသင်း (CYMA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံးသော လူမှုအဖွဲ့အစည်းဖြစ်သည်။

ယမန်နေ့က ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှာမီးကလည်း စစ်ဘေးရှောင်များအား ကူညီကြည့်ရှုကြသော မီဇိုရမ်ပြည်သူလူထုအပေါ်အထူးကျေးဇူးတင်ကြောင်း၊ ပထဝီအနေထားသတ်မှတ်ချက်အရ တနိုင်ငံနှင့်တနိုင်ငံအကြား နယ်နိမိတ်ရှိသော်လည်း သွေးချင်းညီအကိုတွင် နယ်နိမိတ်မရှိကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်ဟု ပြောဆိုသည်။

“မီဇိုရမ်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုလက်ခံပေးတဲ့ မီဇိုးပြည်သူများ၊ မီဇိုရမ်အစိုးရနှင့်ဝန်ထမ်းများ၊ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယပြည်မဗဟိုအစိုးရထံ တင်ပြတောင်းဆို ပေးတဲ့ MP, MLA များနှင့် NGO အသီးသီးအပေါ်မှာ မြန်မာတနိုင်ငံလုံးကိုယ်စား အထူးကျေးဇူးတင်ကြောင်း ပြောလိုတယ်၊  နိုင်ငံ အရ နယ်နမိတ်ဆိုတာရှိနေပေမယ့် သွေးချင်းညီအကိုဖြစ်ခြင်းမှာ နယ်နိမိတ်ဆိုတာမရှိဘူး၊ မြန်မာနိုင်ငံတည်ရှိနေသရွေ့ မြန်မာနိုင်ငံသားများအပေါ်ပြုတဲ့မီဇိုးရမ်ပြည်သူများရဲ့ ဂရုဏာမေတ္တာတရားကို ဘယ်တောမှ မေ့မှာ မဟုတ်ဘူး။” ဟု ဒေါ်ရှားမီးက ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ်ရှိ Mizoram Rural Bank (MRB) Chairman Shri.Jaya Chandra လည်း ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး စစ်ဘေးရှောင်များအတွက် ရူပီး ၁၀ သိန်း ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် မီဇိုရမ်ပြည်နယ်သို့ ခိုလုံနေကြသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ် အပါအဝင် လွတ်တော်ကိုယ်စာလှယ် ၂၁ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်အတွင်း နာမည်ကြီး အဆိုတော် Benjamin Sum, Iang Hlei Sung, Biak Hlei Par , Vanlalsailova, Zomuanpuii, Joseph Fanai, PC Lalnunpuii, Rebecca Zorintluangi, Mathlenga, LRa, Lalthazuala တို့က ဖျော်ဖြေခဲ့ကြသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...