တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောင်ဒူလာကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောင်ဒူလာကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအနီးတစ်ဝိုက်ကို ဒီကနေ့ (မတ်လ၈ရက်) နံနက် ၂နာရီမှာ စစ်ကောင်စီကနေပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဆောင်ဒူလာ ဘုရားကျောင်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီနေ့ မနက်အစော ၂နာရီလောက်မှာ လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲသွားတာ။ ထိခိုက်မှုကတော့ ဘုရားကျောင်းပတ်ဝန်းကျင်က ဘုန်ကြီးအိမ်၊ ဓမ္မရုံ၊ လူနေအိမ်အချို့ ပျက်စီးသွားတယ်။ မကွဲသေးတဲ့ ဗုံးတစ်လုံးလည်းရှိသေးတယ်။ ရွာမှာက လူနေသေးတယ် လူထိခိုက်မှုတော့မရှိဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် (၇)နာရီခွဲအချိန်မှာလည်း သေးဆူလဲကျေးရွာ ပူဖားကျေးရွာ တစ်လျောက် ဂျက်လေယာဉ်(၃)စင်းနဲ့ စစ်ကောင်စီက ဗုံးကြဲပစ်ခတ်နေတယ်လို့လည်း KNDF-B08 က ဒီကနေ့မနက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ရှောင်ရန် ပြုလုပ်ပေးကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့ နံနက်အစောပိုင်းတုန်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ရှောင်အများစုလာရောက်ခိုလုံတဲ့ လိုဘာခိုကျေးရွာကို စစ်ကောင်စီက အလားတူ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီလ ၁၅ရက်နေ့မှစ မိုးဗြဲမြို့မှတဆင့် နန်းမယ်ခုံ၊ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲက လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲအတွင်းလည်း တင့်ကားအပါအဝင် လေကြောင်းပစ်ကူသုံးပြီး နေ့စဉ်တိုက်ခိုက်နေပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...