ကရင်နီပြည်နယ်အတွင်းရှိ ကတ်သလစ်တိုက်နယ် ( ၁၆ ) ခု ပိတ်သိမ်းလိုက်ရ

ကရင်နီပြည်နယ်အတွင်းရှိ ကတ်သလစ်တိုက်နယ် ( ၁၆ ) ခု ပိတ်သိမ်းလိုက်ရ

ကရင်နီပြည်နယ်အတွင်းရှိ ကတ်သလစ်တိုက်နယ် ( ၁၆ ) ခုရဲ့ ဘုရားကျောင်းတွေမှာ ဘုရားဝတ်ပြုတာတွေ မပြုလုပ်နိုင်တော့တာကြောင့် ပိတ်သိမ်းလိုက်ရတယ်လို့ ကတ်သလစ် ဘုန်းတော်ကြီးတစ်ပါးက ပြောပါတယ်။

“ အခုက လွိုင်ကော်မှာက ၁၆ခု ပိတ်သိမ်းခံလိုက်ရတယ်ဆိုတော့ တော်တော်များတယ်ပေါ့နော။ တိုက်နယ်လို့ ပြောရရင်တော့ ဘုရားကျောင်းရှိရမယ်။ ဘာသာတူတွေရှိရမယ်။ပြီးတော့ ဘုန်းကြီး ကျောင်းထိုင်ဘုန်းတော်ကြီးလည်း ရှိရမယ်။ အဲ့ဒီဘုရားကျောင်းမှာ ထိုင်ပြီးတော့မှ အဲ့ဘာသာတူတွေကို ကြည့်ရှု ဝိညာဉ်ရေး လမ်းပြပေးတဲ့ ဘုန်းကြီးရှိတာပေါ့လေ။ ဆိုတော့ အဲ့တာကို တိုက်နယ်လို့ခေါ်တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ သာသနာ ၁၆ခုထဲမှာ လွိုင်ကော်ဟာ တစ်ခုအပါအဝင်ဖြစ်တယ်။ လွိုင်ကော်ဟာ ဘာသာတူအများဆုံး ကတ်သလစ်ဘာသာတူအများဆုံး သာသနာတစ်ခုလည်းဖြစ်တယ်။ အဲ့ဒီအထဲမှာမှ တိုက်နယ် ၁၆ခုက ပိတ်သိမ်းခံလိုက်ရတယ်ဆိုတော့ အခြေအနေလုံးဝမကောင်းဘူး အဲ့လိုပဲ ပြောလို့ ရမှာပေါ့နော။ “ လို့ ကတ်သလစ် ဘုန်းတော်ကြီးတစ်ပါးက ပြောပါတယ်။

စစ်ရေးအရှိန်ကြီးထွားလာတဲ့အတွက်ကြောင့် ကရင်နီပြည်နယ်တွင်းက ဘုန်းတော်ကြီး၊ သီလရှင်များ အပါအဝင် ဘာသာတူများ မိမိတို့ တိုက်နယ်ကို ယာယီစွန့်ခွာကာ ဘေးလွှတ်ရာသို့ စစ်ဘေးရှောင်နေရတယ်လို့ Christ the King က ထုတ်ပြန်ထားပါတယ်။

ကတ်သလစ်ဘာသာမှာ တိုက်နယ်၁၆ခုကို သာသနာနယ် တစ်ခုအဖြစ် သတ်မှတ်ကြတာဖြစ်ပြီး အခုဆိုရင် သာသနာနယ်တစ်ခု ပိတ်သိမ်းလိုက်ရသလိုဖြစ်နေပါတယ်။

ကရင်နီပြည်နယ်တွင်းက ဘုရားကျောင်း ( ၆ ) ခုဟာလည်း စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ပျက်စီးတာတွေရှိနေပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...