၂ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးဟု CDF-Kanpetlet ဆို

၂ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးဟု CDF-Kanpetlet ဆို

ချင်းပြည်နယ်‌တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့် နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ဆောမြို့နယ်အပါအဝင် ကန်ပက်လက်မြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet က မတ်လ ၆ ရက်နေ့က ထုတ် ပြန်သည်။

ကန်ပက်လက်မြို့နယ်နှင့်မကွေးတိုင်းနယ်စပ်ဘက် မဆာတွီ၊ ဆွဲလွဲကျင်း၊ ကျင်ဒွေးနှင့် မောချောင်ရွာဘက်တွင် စစ် ကောင်စီတပ်နှင့် CDF-Kanpetlet တို့ တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်ရှိခဲ့ပြီး ကန်ပက်လက်မြို့နှင့် အပေါရွာနားတွင် တစ်ကြိမ်စီ၊ မကွေးတိုင်းဆောမြို့တွင် ၂ ကြိမ် စုစုပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် ၂ လတာဖြစ်ပွားသည့်တိုက်ပွဲအတွင်း CDF-Kanpetlet မှရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးလက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်များသည် မောချောင်းရွာမှ ပြည်သူနေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လူနေ အိမ်များဖောက်ထွင်း ကာ ပစ္စည်းများခိုးယူခဲ့ကြသည့်အပြင် မဆာတွီကျေးရွာတွင် နွားနောက်နှစ် ကောင်ကိုလည်း ပစ်သတ်ကာ တစ်ကောင်ချ က်စားပြီး တစ်ကောင်ယူဆောင်သွားကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် CDF-Kanpetlet နှင့်အတူ PDF-Saw၊ ယောကာကွယ်ရေးတပ်ဖွဲ့ YDF၊ CDF-Daai၊  ချင်းအမျိုးသားတပ်မတော် CNA တပ်တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

အလားတူ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်မှာလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၅၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၅၀ ခန့်ရှိသည်ဟု CNDF ကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း CNDF တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...