ထောက်ခံစာဖြင့် ခရီးသွားခြင်းကို ခွင့်မပြုတော့ဟု စစ်ကောင်စီ ထုတ်ပြန်

ထောက်ခံစာဖြင့် ခရီးသွားခြင်းကို ခွင့်မပြုတော့ဟု စစ်ကောင်စီ ထုတ်ပြန်

လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်အစား ထောက်ခံ စာဖြင့် ခရီးသွားလာခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း စစ်ကောင်စီလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် (၁.၄.၂၀၂၂) ရက်နေ့မှစ၍ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်း ကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့်လုပ်ငန်းများ တွင် လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ် မှတ်ပုံတင်သာ ပြသရမည်ဟု ပါရှိသည်။

၎င်းတို့အနေဖြင့် အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင် သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက် ဖြင့်ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေ ရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁) မှ (၃-၁၁-၂၀၂၂) နေ့ အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေး လျက်ရှိ၍ နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ကြောင်း လည်း စစ်ကောင်စီ ဝန်ကြီးဌာနက ပြောဆိုထားသည်။

ထို့အပြင် နိုင်ငံသားကတ် (မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်းလည်း စစ်ကောင်စီ ၏ အသိပေးကြေညာချက်တွင် ဖော်ပြပါရှိသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...