အမေရိကန်-အာဆီယံ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်သာ တက်ခွင့်ရမည်

အမေရိကန်-အာဆီယံ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်သာ တက်ခွင့်ရမည်

ဝါရှင်တန်တွင် မတ်လကုန်ပိုင်း၌ ကျင်းပမည့် အမေရိကန်-အာဆီယံ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားသွားမည်ဟု အမေရိကန်က ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“အဆင့်မြင့် အာဆီယံ အခမ်းအနားတွေကို ဗမာနိုင်ငံက နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ခေါ်ဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက မြန်မာနိုင်ငံ၏ ယခင်အမည်ဟောင်း ‘ဗမာ’ ကို အသုံးပြုပြောကြားကြောင်း သတင်းတွင် ဖော်ပြသည်။

မိမိတို့အနေဖြင့်လည်း အာဆီယံနည်းတူ ဗမာပြည်မှ နိုင်ငံရေးနှင့် မသက်ဆိုင်သူ တစ်ဦးကိုသာ ဖိတ်ကြားသွားမည်ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ မည်သူ့ကို ဖိတ်ကြားမည်ကိုမူ ဖြေကြားခြင်းမရှိပေ။

“မြန်မာစစ်အစိုးရဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အဓိပ္ပါယ်ရှိရှိ အကောင်အထည်ဖော်ဖို့လည်း ပျက်ကွက်လျက်ရှိပြီး ဒါတွေအတွက် တာဝန်ယူရမယ်” ဟုလည်း သူက ပြောကြားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် ဝါရှင်တန်၌ အာဆီယံခေါင်းဆောင်များနှင့် အထူးအစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားသည်။

ဤအစည်းအဝေးသည် တရုတ်တို့ သြဇာကြီးထွားလာမှုကို တုံ့ပြန်ရာတွင် အဓိကကျသည်ဟု အမေရိကန်က ယူဆထားသည့် အရှေ့တောင်အာရှ ဒေသနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန် ဝါရှင်တန်၏ အားထုတ်မှုတစ်ရပ်လည်း ဖြစ်သည်။

ပုံစာ - ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကျင်းပသည့် မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး တက်ရောက်ရန် ဂျာကာတာသို့ ရောက်ရှိလာသော မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဓာတ်ပုံ - AFP)

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...