အမ်းမြို့နယ်တွင် ညမထွက်ရအမိန့်အား နှစ်လထပ်တိုး

အမ်းမြို့နယ်တွင် ညမထွက်ရအမိန့်အား နှစ်လထပ်တိုး

ဒေသတည်ငြိမ်မှုရှိနေသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ညမထွက်ရအမိန့်အား ယနေ့မှစတင်ကာ ဧပြီလ ၃၁ ရက် နေ့အထိ နှစ်လတာထပ်တိုးလိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

“အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။ ည ၉ နာရီကနေ နောက်တစ်နေ့ မနက် ၅ နာရီထိ နှစ်လညမထွက်ရအမိန့်ထုတ်တယ်။ အရင်ကလည်း နှစ်လတစ်ကြိမ်စီထုတ်တာပါပဲ”ဟု အမ်းမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက DMG ကိုအတည်ပြုသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် ညမထွက်ရအမိန့်များကို မြို့နယ်တစ်ချို့တွင် သက်တမ်းတိုးထုတ်ပြန်နေခြင်းဖြစ်သည်။

အမ်းမြို့နယ်၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်များကို မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလများတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တိုက်ပွဲများရပ်တန့်နေကာ ဒေသတည်ငြိမ်နေသော်လည်း ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းအပေါ် ဒေသခံများလက်မခံကြပေ။

ထိုကဲ့သို့ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောကြောင့် ပြည်မဘက်မှလာသည့် ကုန်တင်ကားများ၊ ခရီးသည်ယာဉ်များမှာ လမ်းခရီးတွင်အခက်အခဲရှိပြီး မြို့ပတ်ဝန်းကျင်တွင်လုပ်ကိုင်စားသောက်နေသူများလည်း အခက်အခဲရှိကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

“ပထမဆုံးထုတ်ပြန်ကတည်းက လုံခြုံရေးကိုအကြောင်းပြပြီးထုတ်တယ်။ အဲဒီကတည်းကထုတ်လာပြီးတော့ တစ်ချို့ဒေသခံတွေဆို ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကို မသိတဲ့သူတွေရှိတယ်။ အမ်းဒေသကို ညမထွက်ရအမိန့်ထုတ်လိုက်တာကြောင့် ပြည်မဘက်ကလာတဲ့ကုန်တင်ကားတွေ၊ ခရီးသည်ကားတွေက အမ်းကိုဖြတ်သန်းဖို့အတွက်တစ်ညအိပ်ရတယ်။ အဲဒါတွေကတော်တော်လေးခက်ခဲတယ်။ မြို့ပတ်ဝန်းကျင်နဲ့ မြို့ပေါ်မှာလုပ်ကိုင်စားသောက်နေသူတွေဆိုလည်း ညမထွက်ရအမိန့်ကြောင့် အခက်ခဲတွေရှိတယ်”ဟု ၄င်းကဆိုသည်။

မြောက်ဦးခရိုင်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စသည့်မြို့နယ်များတွင်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂ ရက်နေ့မှစတင်ကာ နှစ်လသက်တမ်းကြာမြင့်မည့် ညမထွက်ရအမိန့်ကို သက်တမ်းတိုးထုတ်ပြန်ထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...