ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းနဲ့ စည်ပင်ဝန်ကြီးဟောင်းတို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းနဲ့ စည်ပင်ဝန်ကြီးဟောင်းတို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ဦးအယ်လ်ဖောင်းရှိုနဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီ ဦးအောင်ကျော်ဌေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းမှာ ဖေဖော်ဝါရီလ ၂၇ရက်နေ့ ၂၀၂၂ခုနှစ်မှာ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးအောင်ကျော်ဌေးဟာ ၂၀၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ၆၅သန်းကျော်တန်ဖိုးရှိတဲ့ အစိုးရမီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေကို နိုင်ငံတော်မှ ချီးမြှင့်တဲ့ သာသနာရေးဆိုင်ရာ ဘွဲတံဆိပ်ရရှိမှုကို အကြောင်းပြပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ပေးအပ်ခဲ့ကာ အဆိုပါမြေနေရာကို ပြန်လည်အလှူခံရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲဖော်ပြထားပါတယ်။

ဦးအယ်ဖောင်းရှိုဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်လင်လေးနဲ့ နန်းမယ်ခုံမြို့ရှိ ဝန်ထမ်းအိမ်ရာတည်ဆောက်တာ၊ လွိုင်ကော်မြို့တွင်းလမ်းဆောင်ရွက်တာ ရုံးသစ်တည်ဆောက်တာနဲ့ပတ်သက်ပြီး တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီထံမှ ပေးအပ်တဲ့ စုစုပေါင်း ငွေကျပ်သိန်း ၁၉၂ ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ဧည့်ရိပ်သာတို့အား လျှပ်စစ်မီးအလှဆင်ခြင်းနဲ့ လွိုင်ကော်လေဆိပ် CCTV တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နဲ့အညီ တင်ဒါ် ခေါ်ယူဆောင်ရွက်ခြင်းမပြုသဖြင့် နိုင်ငံတော်ကရရှိမယ့် အခွန်အခနှင့် နိုင်ငံတော်ငွေကြေး သက်သာခွင့်များ နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်တယ်လို့ စစ်ကောင်စီ ဆိုပါတယ်။

ဦးအယ်ဖောင်းရှိုဟာ အစိုးရအဖွဲ့ပိုင် စက်ယန္တရား ၁၈ စီး၏ ငှားရမ်းခရငွေဖြစ်တဲ့ ကျပ် (၃၁၁)သန်းကျော်ထဲမှ (၂၃၄)သန်းကျော်ကိုဌာနဆိုင်ရာ စာရင်းမသွင်းတာ၊ ကယားပြည်နယ်နေ့အခမ်းအနားနေ့ ကျင်းပတဲ့ အစိုးရမြေနေရာ (ကယားဒေးကွင်း)အား တင်ဒါခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီတစ်ခုသို့ မြေငှားရမ်းခွင့်ပြုခဲ့ခြင်းတို့နဲ့စပ်လျဉ်းပြီး တည်ဆဲဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...