မာန်အောင်တွင် ကြက်များရောဂါဖြင့်သေဆုံးနေမှုကြောင့် မွေးမြူသူများဆုံးရှုံးနစ်နာ

မာန်အောင်တွင် ကြက်များရောဂါဖြင့်သေဆုံးနေမှုကြောင့် မွေးမြူသူများဆုံးရှုံးနစ်နာ

မာန်အောင်မြို့နယ်အတွင်းက ကျေးရွာအချို့တွင် ကြက်များရောဂါဖြစ်ပွားကာ သေဆုံးမှုများရှိနေမှုကြောင့်  မွေးမြူသူများဆုံးရှုံးနစ်နာလျက်ရှိကြောင်း ဒေသခံများကပြောဆိုသည်။

သေဆုံးသောကြက်အများစုမှာ ဝမ်းလျှောခြင်း၊ ချီအဖြူပါခြင်း၊ အစာမစားခြင်းတို့ဖြစ်ပြီး တစ်ရက်အကြာ သေဆုံးမှုများဖြစ်ပွားကြောင်း မြတ်မချောင်ကျေးရွာမှ ကြက်မွေးမြူသူ မမိမိကပြောဆိုသည်။

"ကြက်တွေက အစဖြစ်တုန်းကတော့ အစာမစားဘူး၊ ပြီးတော့ ချီးအဖြူအရည်တွေပါတယ်။ အဲလိုဖြစ်ပြီဆိုရင် တစ်ညမခံတော့ဘူး ချက်ခြင်းသေဆုံးကြတယ်။ ကျမမှာဆိုရင် အကောင်ရေ ၁၀ ကျော်လောက်သေသွားပြီး။ နောက်ထပ်အကောင် ၂၀ ကျော်လဲ အဲလိုဖြစ်နေသေးတယ်"ဟု ၎င်းကပြောသည်။

မာန်အောင်မြို့နယ်အတွင်း အိမ်ကြက်သားတစ်ပိဿာကို ၈၀၀၀ ကျပ် ပေါက်စျေးရှိနေပြီး ကြက်ဥတစ်လုံးကို ၂၅၀ ကျပ်အထိ စျေးကောင်းရောင်းချရကြောင်း ကြက်မွေးမြူသူများထံမှ သိရသည်။

ယခုအခါ ကြက်များသေဆုံးမှုရှိနေခြင်းကြောင့် မိမိအိမ်တွင်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ထားသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဆုံးရှုံးမှုဖြစ်နေရကြောင်း နတ်ပြင်ကျေးရွာမှ ကြက်မွေးမြူသူ မောင်ဦးရွှေက ပြောဆိုသည်။

"ကျနော့်မှာဆိုရင် ကြက်တွေဝယ်ပြီးမွေးထားတာ။ အဥ ဥဖို့အတွက် ပြင်နေတုန်းရှိသေးတယ်။ အခုရောဂါဖြစ်ပြီးသေတော့ အရှုံးကပေါ်ပြီ။ ဒီလောက်လူတွေအလုပ်အကိုင်ရှားပါးပြီး အခက်အခဲ မျိုးစုံဖြစ်နေတဲ့ကြားမှာ ကြက်ရောဂါတစ်မျိုး လူရောဂါတစ်မျိုးနဲ့ ဘာလုပ်လို့လုပ်ရမယ်မှန်းတောင် မသိတေားဘူး"ဟု သူကပြောဆိုသည်။

မာန်အောင်မြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၁၀ ကျော်တွင် ယခုကဲ့သို့ ကြက်ရောဂါဖြစ်ပွားမှုများရှိပြီး ဖေဖော်ဝါရီလ လယ်လောက်မှစတင်၍ ကြက်များရောဂါဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုနည်းတူစွာ မကြာသေးမီကလည်း မာန်အောင်မြို့နယ်အပြင် ပုဏ္ဏားကျွန်းနှင့် အခြားမြို့နယ်အချို့၌ ဝက်အများအပြားရောဂါဖြစ်ပွားကာသေဆုံးမှုများလဲရှိခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...