စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးကျရောက်မှုကြောင့် ကရင်နီစစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရ

စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးကျရောက်မှုကြောင့် ကရင်နီစစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရ

ကရင်နီစစ်ဘေးရှောင်များခိုလှုံနေသည့်နေရာသို့ ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)နံနက်ပိုင်းက မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် စစ်ဘေးရှောင်စခန်းအချို့ထိခိုက်မှုရှိခဲ့ကာ စစ်ဘေးရှောင်များမှာလည်း ထပ်မံထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် မိုးဗြဲမြို့နှင့် ကယားပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုမြို့နယ်အနီးအနားရှိ စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးများအဆက်မပြတ်ကျရောက်မှုကြောင့် စစ်ဘေးရှောင်များနေထိုင်ရာနေအိမ်များပျက်စီးကာ နေထိုင်ရေးအခက်အခဲဖြစ်နေကြောင်း ကရင်နီစစ်ဘေးရှောင်အရေးဆောင်ရွက်သူတစ်ဦးမှ DMG ကိုပြောသည်။

"နံနက် ၅ နာရီကတည်းက စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ခတ်တာ တောက်လျှောက်ပါပဲ။ အခုအချိန်အထိ ရွှေ့ပြောင်းနေရဆဲဖြစ်ပါတယ်။ နဂိုနေထိုင်တဲ့စခန်းတွေကို ထပ်ပြီးအပစ်ခံရတော့ ဒေသခံတွေနေထိုင်ဖို့နေရာတွေ အရမ်းကျဉ်းမြောင်းကုန်ပါတယ်"ဟု ၄င်းမှပြောသည်။

ကယား(ကရင်နီ)ပြည်နယ်နှင့် နီးစပ်သည့်ဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်များလည်း ဖြတ်တောက်ခံထားရမှုကြောင့် လက်ရှိအချိန်ထိ ဆက်သွယ်ရေးများပြတ်တောက်လျက်ရှိနေသည်။

 

လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များမှာ စခန်းများကိုစွန့်ခွာကာ နီးစပ်ရာတောတောင်များသို့ထွက်ပြေးကြစဉ် အသက်ကြီးပိုင်များအပါအဝင် ၅ ဦးထက်မနည်းသေဆုံးမှုရှိခဲ့ကြောင်း KNDF ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"လက်နက်ကြီးအပစ်ခံရတော့ တချို့ဆိုကြောက်လန့်ပြီးပြေးကြရတယ်။ ထော်လာဂျီတွေ ဆိုင်ကယ်တွေနဲ့ပြေးကြရတာရှိတယ်။ တချို့ဆို ထော်လာဂျီမှောက်လို့သေဆုံးကြရတာ။ လန့်ပြီးအသက်ကြီးတဲ့သူတွေ သေဆုံးခဲ့ကြရတာရှိပါတယ်"ဟု KNDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူမှဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်မှစပြီး ၂၄ ရက်နေ့အထိ ကယား(ကရင်နီ)ဒေသနှင့် ရှမ်းပြည်နယ်၊ မိုးဗြဲ၌ မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့ ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကရင်နီဒေသခံ ၁၇၀၀၀၀ ကျော်မှာ ကယားပြည်နယ်အတွင်းရှိ နီးစပ်ရာကျေးရွာများနှင့် တောတောင်များတွင် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...