ရွှေထည်လာအပ်သူမရှိသည့်အတွက် ပန်းထိမ်လုပ်ကိုင်သူများ အခက်တွေ့လာ

ရွှေထည်လာအပ်သူမရှိသည့်အတွက် ပန်းထိမ်လုပ်ကိုင်သူများ အခက်တွေ့လာ

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ရွှေဈေးတစ်ဟုန်ထိုးမြင့်တက်မှုကြောင့် ရွှေအရောင်းအဝယ် ထိုင်းနေခြင်း၊ ရွှေထည်လာအပ်သူနည်းပါးမှုတို့ကြောင့် ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူများ အခက်တွေ့နေရသည်ဟု သိရသည်။

“အခက်အခဲရှိတယ်။ စီးပွားရေးတွေကျပ်တည်းတော့ အရောင်းအဝယ်တွေမလိုက်ဘူး။ ဝယ်သူမှာလည်း အခက်အခဲပေါ့၊ ရွှေဆိုတာ ပိုလျှံမှဝယ်နိုင်တာလေ၊ အရင်လကတော့ အရောင်းအဝယ်ဖြစ်သေးတယ်။ ဒီလမှာ ရွှေဈေးတွေလည်းတက်တော့ အရောင်းအဝယ်သိပ်မဖြစ်ဘူး”ဟု စစ်တွေမြို့မှ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ ကိုတင်အောင်စိုးက DMG ကို ပြောသည်။

ယနေ့ စစ်တွေရွှေဈေးမှာ အခေါက်ရွှေ ၁၆ ပဲ တစ်ကျပ်သား ငွေကျပ်(ဆယ့်ကိုးသိန်းလေးသောင်း)ကျော်နှင့် အရည်မီ ၁၅ ပဲ တကျပ်သားကို ၁၇ သိန်းခွဲပေါက်ဈေးရှိပြီး ယခင်လထက် တစ်သိန်းခွဲခန့် ဈေးမြင့်တက်လာသဖြင့် ရွှေဝယ်သူနည်းပါးမှုနှင့်ကြုံနေရသည့်အတွက် တစ်ချို့ရွှေထည်လုပ်ကိုင်သူတချို့မှာ အလုပ်နားနေရကြောင်းလည်း သိရသည်။

“ဝယ်သူတွေက အရမ်းနည်းတော့ ကျနော်တို့ကအလုပ်မလုပ်ရဘူး။ အရင်ကတော့ ရွှေထည်တွေလာအပ်ရင် လုပ်ခကျနော်တို့ ရတယ်။ အခုက ရွှေထည်တွေလည်းလာမအပ်တော့ လုပ်ခမရတော့ဘူး။ ဆိုင်ကတော့ မုန့်ဖိုးအနေနဲ့ အဆင်တော့မပြေဘူးပေါ့။ဒါပေမယ့် အဆင်ပြေလာမယ့်နေ့ကိုမျှော်တွေးပြီး လုပ်နေရတာပေါ့”ဟု စစ်တွေမြို့တွင် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ ကိုမောင်ဖြူချေ‌ကပြောသည်။

စစ်တွေမြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ရွှေဈေးနှုန်းမှာ (၁၆)ပဲတစ်ကျပ်လျှင် ငွေကျပ် (၁၈)သိန်း(၂)သာင်းခန့်ရှိခဲ့ရာကနေ ယခုဖေဖော်ဝါရီလတွင် ငွေကျပ် (၁၉)သိန်း(၄)သောင်းကျော်အထိ ဈေးပြန်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရွှေအရောင်းဆိုင်များထံမှ သိရသည်။

“အရောင်းအဝယ်တွေကတော့ နည်းတယ်။ အလုပ်သမားတွေမှာလည်း အလုပ်ထွက်သွားတဲ့သူတွေရှိတယ်။ ဆက်လုပ်နေတဲ့ သူတွေမှာလည်း အလုပ်မလုပ်ရလို့စိတ်ညစ်နေရတယ်။ ရွှေဈေးတွေကလည်း ပြန်ကျဖို့မမြင်ဘူး”ဟု မင်းဂံရပ်ကွက် အမေ့အိမ်ရွှေဆိုင်ပိုင်ရှင် ကိုမျိုးမင်းဦးက DMG ကို ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၏အကျိုးဆက်အဖြစ် ဒေါ်လာဈေး၊ ဆီဈေး၊ ရွှေဈေးအပါဝင် အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန်အခြေခံစားသုံးကုန်ပစ္စည်းတို့ ဈေးနှုန်းမှာ တရိပ်ရိပ်မြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲကြုံနေကြရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...