ကျောင်းသားသမဂ္ဂရုံးခန်းကို ဖယ်ရှားခြင်းမှာ ဖိနှိပ်ချုပ်ချယ်မှုဟု ကျောင်းသားများပြော

ကျောင်းသားသမဂ္ဂရုံးခန်းကို ဖယ်ရှားခြင်းမှာ ဖိနှိပ်ချုပ်ချယ်မှုဟု ကျောင်းသားများပြော

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်ရှိ ကျောင်းသားများသမဂ္ဂရုံးခန်းနှင့် ဆရာများသမဂ္ဂရုံးခန်းနေရာတို့ကို တက္ကသိုလ်ဝင်းအတွင်းမှဖယ်ရှားရန် တက္ကသိုလ်တာဝန်ရှိသူတို့ကပြောဆိုလာခြင်းသည် ကျောင်းတွင်းအဖွဲ့အစည်းနှစ်ခု၏ ရပ်တည်ချက်များ၊ လုပ်ငန်းဆောင်တာများကို ဖိနှိပ်ချုပ်ချယ်ခြင်းဖြစ်သလို အာဏာရှင်ဆန်စွာပြုလုပ်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်)တွင် ကျောင်းသားသမဂ္ဂဗဟိုအမှုဆောင်အဖွဲ့မှ ထုတ်ပြန်လိုက်သည်။

“ကျနော်တို့ရုံးကို အကြောင်းပြချက်မရှိဘဲနဲ့ ဖယ်ရှားတယ်။ ကျောင်းအဖွဲ့အစည်းနှစ်ခုကို လက်လွတ်စပယ်ဖယ်ရှားတာကတော့ ဖိနှိပ်တာပါ”ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးမှ DMG သို့ပြောသည်။

စစ်တွေတက္ကသိုလ်အတွင်း Rest Center များ ပြန်လည်ဖွင့်လှစ်မည်ဟုအကြောင်းပြကာ သမဂ္ဂ ၂ ခု၏ ရုံးခန်းဖွင့်လှစ်ထားရာအဆောက်အဦးအား လာမည့်(ဖေဖော်ဝါရီ ၂၈ ရက်)တွင် နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် အစားထိုးနေရာပေးရန်မရှိဟု

စစ်တွေတက္ကသိုလ်ပါမောက္ခနှင့် တာဝန်ရှိသူတို့ကပြောဆိုခဲ့ကြောင်း ကျောင်းသားများထံမှသိရသည်။

ထိုသို့ တိုတောင်းလှသောအချိန်များ၊ အခက်အခဲများ၊ ရုံးနေရာပြန်လည်ချထားပေးနိုင်ရန်အတွက် ကျောင်းသားများသမဂ္ဂနှင့် ဆရာများသမဂ္ဂတို့ ပူးပေါင်းညှိနှိုင်းကြိုးစားခဲ့သော်လည်း တက္ကသိုလ်တာဝန်ရှိသူတို့မှာ “မိမိတို့တွင် လုပ်ခွင့်မရှိပါ၊ အထက်ကခိုင်း၍”ဟူသောအချက်ဖြင့် ပြေလည်နိုင်ရန်တစ်စုံတစ်ရာကြိုးပမ်းဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထိုသို့ သမဂ္ဂနှစ်ခု၏ရုံးခန်းများ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်၍ စစ်တွေတက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူသင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက “ဦးစီးဌာန၏ညွှန်ကြားချက်အတိုင်း လိုက်ပြီးတော့လုပ်ရမယ့် အနေအထားရှိတယ်။ လောလောဆယ်ကတော့ သူတို့ကို ရုံးခန်းပေးပါလို့ ဦးစီးဌာနကညွှန်ကြားချက်မရှိသေးတဲ့ အတွက်ကြောင့်ပါ”ဟု DMG သို့ပြောသည်။

ယင်းအပြင် ရုံးခန်းကိုဖယ်မပေးဘဲ အတိုက်အခံပြုလုပ်ပါက ရခိုင်ပြည်နယ်အနောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြင့် ဖြေရှင်းရပါလိမ့်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ကြောင်းလည်း ကိုဘုန်းပြည့်ဖြိုးက ပြောသည်။

ကျောင်းသားသမဂ္ဂရုံးခန်းများကို အခွင့်သာသောအခြေအနေတစ်ခုတွင်ရှိမနေသဖြင့် အာဏာရှင်များ၏လုပ်ရပ်များကို ရှောင်လွှဲနိုင်ရန်အတွက် ရုံးပြောင်းရွှေ့ခြင်းများပြုလုပ်မည်ဖြစ်ကြောင်းလည်းဆိုသည်။

Most read this week

ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...