လေးကေ့ကော်ဒေသ စစ်ဘေးရှောင်ပြည်သူ အိုမီခရွန် ကူးစက်ခံရမှု ဆက်လက်တိုးပွားနေ

လေးကေ့ကော်ဒေသ စစ်ဘေးရှောင်ပြည်သူ အိုမီခရွန် ကူးစက်ခံရမှု ဆက်လက်တိုးပွားနေ

လေးကေ့ကော်ဒေသအတွင်း စစ်ဘေးရှောင်နေရသူ ပြည်သူများ အိုမီခရွန် ကူးစက်ခံရမှု ဆက်လက် တိုးပွားနေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကူးစက်ခံရသူ ၁၈ဦး တွေ့ရှိသည့် ပလောတပို့ ဒေသတွင် နောက်ထပ် ၃ ဦး ထပ်မံ တွေ့ရှိသလို မယ်ထော်သလေးဘုန်းကြီးကျောင်းတွင်လည်း စစ်ပြေးရှောင်နေရသူများအနက် ၃၂ ဦး ကူးစက်ခံနေရကြောင်း ၎င်းတာဝန်ရှိသူက ယခုလိုပြောသည်။

၎င်းက “အရင် ၁၈ ယောက်တွေ့တဲ့ နေရာမှာ အခု နောက်ထပ် ၃ ယောက်ထပ်တွေ့တယ်။ ပြီးတော့ မယ်ထော်သလေး ဘုန်းကြီးကျောင်းမှာက မြဝတီဘက်ကလာစစ်ဆေးပေးတာ ၃၂ ယောက်တွေ့တယ်လို့ အသိပေးလာတယ်။ သူတို့ကျတော့ ပဟိကလောဒေသခံတွေ။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကူးစက်ခံရသူ ၅၃ ဦးရှိလာပြီးဖြစ်သော်လည်း ဆိုးဆိုးရွားရွား ရောဂါလက္ခဏာ ပြသမှုမရှိသလို သေဆုံးမှုအထိ ဖြစ်ပေါ်ခြင်းမရှိသေးကြောင်းလည်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

အိုမီခရွန် စစ်ဆေးတွေ့ရှိမှုများတွင် အသက်အရွယ်အစုံလိုက် ဖြစ်ပွားနေပြီး ၂နှစ် ၃ နှစ်အရွယ်ကလေးသူ ငယ်များလည်း ကူးစက်ခံနေရကာ လက်ရှိ ၎င်းကူးစက်ခံနေရသူများကို သီးသန့် နေရာချထားမှုများ ပြုလုပ်ပေးထားပြီး စစ်ဘေးရှောင်ဝင်းအတွင်း ဝင်ထွက်သွားလာမှု များကိုလည်း စစ်ဆေးမှုများ ပြုလုပ်ပေးကာ ကရင်ကျန်းမာရေး နှင့် ကယ်ဆယ်ရေးဌာန-KDHW မှ ကျန်းမာရေး စောင့်ရှောက်မှုကို အဓိက တာဝန်ယူဆောင် ရွက်ပေးလျက်ရှိသည်။

လေးကေ့ကော်ဒေသအတွင်း ယခုလ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး တကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသလို ရာသီအချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့်လည်း စစ်ဘေးရှောင်အများ အပြား ဖျား နာနေကြပြီး ၎င်းတို့နေရာထိုင်ခင်းများကိုလည်း ပြန်လည် ပြင်ဆင်မွမ်းမံပေးနေရကြောင်း တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ တိုက်ပွဲနှင့် ကျန်းမာရေး ပြဿနာများကြောင့် စစ်ဘေးရှောင်များအကြား စိတ်ပိုင်ဆိုင်ရာ စိတ်ဓါတ်ကျ ဆင်းမှုများရှိနေသလို ၎င်းတို့၏ ယာယီနေရာထိုင်ခင်းများအတွက်လည်း ပြန်လည် ပြင်ဆင် မွမ်းမံရန် အကူအညီ အထောက်အပံ့များ လိုအပ်နေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးနေသူများက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖျားနာနေသူ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သက်ဆိုင်ရာ ကျန်းမာရေး အကူအညီပေးနေသူများမှ သံသယဖြင့်စစ်ဆေးရာတွင် အိုမီခရွန် ကူးစက်ခံရမှု တွေ့ရှိရပြီးနောက် ကျန်စစ်ဘေးရှောင် ပြည်သူများကို ဆက်လက်စစ်ဆေးကြည့်ရာ ကူးစက်ခံရသူ အရေအတွက် တိုးလာနေခြင်းဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...