ကောလင်းနယ်တွင် ပြည်သူ ၄ ဦးအား သတ်ခံထားရ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်

ကောလင်းနယ်တွင် ပြည်သူ ၄ ဦးအား သတ်ခံထားရ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်

စစ်ကိိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး၂ဦး တို့ကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ယင်းတွင် ကောလင်းမြို့နယ်ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်ကြောင်းသိရသည်။

သတ်ဖြတ်ခံရသည့် ရုပ်အလောင်း ၄ လောင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကောလင်းမြို့ပြင်ဘက်တောတစ်နေရာတွင်တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာစဥ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

”အားလုံးလေးယောက်သတ်ခံရတာဗျ။အဲ့ဒီသတ်ခံရတဲ့လေးယောက်မှာ ထွေအုပ်ဝန်ထမ်းအမျိုးသမီးတစ်ယောက်ပါတယ် သူက CDMလုပ်ဖို့တောကိုပုန်းရှောင်လာတဲ့အခါသတ်ခံတာရတာဗျ။ သူတို့စစ်ကြောင်းထိုးတဲ့အခါသတ်ခံရတာဆိုတော့ဘယ်နေ့က သတ်သွားသလဲဆိုတာမသိရဘူး သတ်ခံရတဲ့ရုပ်အလောင်းပဲတွေ့တာ”ဟု ကောလင်း PDF တစ်ဦးကပြောသည်။

သတ်ခံရသည့်လေးဦးတွင် အသက် ၂၈ ဝန်းကျင်တစ်ဦး၊ အသက် ၃၀ ကျော်နှစ်ဦး နှင့် အသက် ၄၀ ဝန်းကျင်တစ်ဦးပါဝင်ကြောင်းသိရသည်။

၎င်းတို့၏ရုပ်အလောင်းများကို ကောလင်း ဒေသခံပြည်သူများက သွားရောက်ကောက်ယူကာ မီးရှို့သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။

အလားတူ ယခုရက်ပိုင်းတွင်ကောလင်း မြို့နယ်အတွင်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်မှုပိုမိုလုပ်လာပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ကောလင်းမြို့နေ အမျိူးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသိရသည်။

Most read this week

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...