ကောလင်းနယ်တွင် ပြည်သူ ၄ ဦးအား သတ်ခံထားရ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်

ကောလင်းနယ်တွင် ပြည်သူ ၄ ဦးအား သတ်ခံထားရ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်

စစ်ကိိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး၂ဦး တို့ကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ယင်းတွင် ကောလင်းမြို့နယ်ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်ကြောင်းသိရသည်။

သတ်ဖြတ်ခံရသည့် ရုပ်အလောင်း ၄ လောင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကောလင်းမြို့ပြင်ဘက်တောတစ်နေရာတွင်တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာစဥ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

”အားလုံးလေးယောက်သတ်ခံရတာဗျ။အဲ့ဒီသတ်ခံရတဲ့လေးယောက်မှာ ထွေအုပ်ဝန်ထမ်းအမျိုးသမီးတစ်ယောက်ပါတယ် သူက CDMလုပ်ဖို့တောကိုပုန်းရှောင်လာတဲ့အခါသတ်ခံတာရတာဗျ။ သူတို့စစ်ကြောင်းထိုးတဲ့အခါသတ်ခံရတာဆိုတော့ဘယ်နေ့က သတ်သွားသလဲဆိုတာမသိရဘူး သတ်ခံရတဲ့ရုပ်အလောင်းပဲတွေ့တာ”ဟု ကောလင်း PDF တစ်ဦးကပြောသည်။

သတ်ခံရသည့်လေးဦးတွင် အသက် ၂၈ ဝန်းကျင်တစ်ဦး၊ အသက် ၃၀ ကျော်နှစ်ဦး နှင့် အသက် ၄၀ ဝန်းကျင်တစ်ဦးပါဝင်ကြောင်းသိရသည်။

၎င်းတို့၏ရုပ်အလောင်းများကို ကောလင်း ဒေသခံပြည်သူများက သွားရောက်ကောက်ယူကာ မီးရှို့သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။

အလားတူ ယခုရက်ပိုင်းတွင်ကောလင်း မြို့နယ်အတွင်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်မှုပိုမိုလုပ်လာပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ကောလင်းမြို့နေ အမျိူးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသိရသည်။

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...