ဖက်ဒရယ်ခရီးအတွက် ညီနောင်တိုင်းရင်းသားတွေနဲ့အတူ ချီတက်မယ်လို့ ယုံကြည်ကြောင်း PPST က မွန်အမျိုးသားနေ့သဝဏ်လွှာတွင် ထည့်သွင်းပြော

ဖက်ဒရယ်ခရီးအတွက် ညီနောင်တိုင်းရင်းသားတွေနဲ့အတူ ချီတက်မယ်လို့ ယုံကြည်ကြောင်း PPST က မွန်အမျိုးသားနေ့သဝဏ်လွှာတွင် ထည့်သွင်းပြော

၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုရင်း ဒီကနေ့တိုင် မပြီးဆုံးသေးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးခရီးကြမ်းမှာ မွန်အမျိုးသားတွေအနေနဲ့ ညီနောင်တိုင်းရင်းသားတွေနဲ့အတူတကွ တွဲလက်မြဲမြုံစွာ မဆုတ်မနစ်  ချီတက်သွားဦးမယ်လို့ ချွင်းချက်မရှိ ယုံကြည်ကြောင်း  PPST က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထုတ်ပြန်ပါတယ်။

သမိုင်းတလျှောက် မွန်အမျိုးသားတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုတွေမှာ တက်ကြွစွာပါဝင်တာ၊ဖက်ဒရယ်လမ်းညွှန်အခြေခံမူတွေ ရေးဆွဲရာမှာ ဦးဆောင်တဲ့အခန်းကက္ဍကနေ ပါဝင်ပြီး ဘဝတူညီနောင်တိုင်းရင်းသားတွေနဲ့  လက်တွဲကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သလိုမျိုး ဒီကနေ့တိုင်လည်း ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သဝဏ်လွှာမှာ ‌ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အတွက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...