ဖက်ဒရယ်ခရီးအတွက် ညီနောင်တိုင်းရင်းသားတွေနဲ့အတူ ချီတက်မယ်လို့ ယုံကြည်ကြောင်း PPST က မွန်အမျိုးသားနေ့သဝဏ်လွှာတွင် ထည့်သွင်းပြော

ဖက်ဒရယ်ခရီးအတွက် ညီနောင်တိုင်းရင်းသားတွေနဲ့အတူ ချီတက်မယ်လို့ ယုံကြည်ကြောင်း PPST က မွန်အမျိုးသားနေ့သဝဏ်လွှာတွင် ထည့်သွင်းပြော

၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုရင်း ဒီကနေ့တိုင် မပြီးဆုံးသေးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးခရီးကြမ်းမှာ မွန်အမျိုးသားတွေအနေနဲ့ ညီနောင်တိုင်းရင်းသားတွေနဲ့အတူတကွ တွဲလက်မြဲမြုံစွာ မဆုတ်မနစ်  ချီတက်သွားဦးမယ်လို့ ချွင်းချက်မရှိ ယုံကြည်ကြောင်း  PPST က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထုတ်ပြန်ပါတယ်။

သမိုင်းတလျှောက် မွန်အမျိုးသားတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုတွေမှာ တက်ကြွစွာပါဝင်တာ၊ဖက်ဒရယ်လမ်းညွှန်အခြေခံမူတွေ ရေးဆွဲရာမှာ ဦးဆောင်တဲ့အခန်းကက္ဍကနေ ပါဝင်ပြီး ဘဝတူညီနောင်တိုင်းရင်းသားတွေနဲ့  လက်တွဲကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သလိုမျိုး ဒီကနေ့တိုင်လည်း ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သဝဏ်လွှာမှာ ‌ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အတွက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...