မီဇိုရမ်ပြည်နယ်မှာကျင်းပတဲ့ ၂ ခြောက်လုံး စျေးရောင်းပွဲတော်

မီဇိုရမ်ပြည်နယ်မှာကျင်းပတဲ့ ၂ ခြောက်လုံး စျေးရောင်းပွဲတော်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေကြတဲ့ မြန်မာတက်ကြွလူငယ်တစ်စု Youth for Myanmar အဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေကိုကူညီထောက်ပ့ံနိုင်ဖို့ ပြည်နယ်ရဲ့မြို့တော် အိုင်ဇောလ်မြို့က Millennium Centre ကုန်တိုက်ရှေ့မှာ ဖေဖော်ဝါရီလ ၂၂ နေ့ (၂) ခြောက်လုံးတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စျေးရောင်းပွဲတော်ကျင်း ပပြုလုပ်ခဲ့ကြပါတယ်။

အဲဒီစျေးရောင်းပွဲတော်နဲ့ပတ်သက်ပြီး  Youth for Myanmar အဖွဲ့က တာဝန်ရှိသူ မဝါဝါကခုလိုပြောဆိုပါတယ်။

“ ၂ ခြောက်လုံးအထိမ်းမှတ်နေ့မှာပဲ စျေးရောင်းပွဲတော်ကို စပြီးဆောင်ရွက်ကြမယ်ဆိုတဲ့စဉ်းစားချက်ဖြစ်လာတယ် ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ဆိုတဲ့ရည်ရွယ်လည်းပါတယ် မီဇိုရမ်ပြည်နယ်မှာရောက်နေတဲ့ တခြားအဖွဲ့ေ တွနဲ့ပူးပေါင်းပြီးတော့မှ စျေးရောင်းပွဲတော်လေးကိုလုပ်လိုက်မယ် အဲဒီကရလာတဲ့ ရန်ပုံငွေကို မီဇိုရမ်ပြညနယ်မှာရောက် နေတဲ့ ဒုက္ခသည်တွေကို သွားရောက်လှူဒါန်းနိုင်မယ်ဆိုတဲ့စဉ်းစားချက်နဲ့ကျမတို့ပေါ်လာတယ် အဲဒီအပြင် ၂ ခြောက်လုံးနဲ့လည်းအံဝင်ဂွင်ကျဖြစ်တယ်ဆိုတဲ့စဉ်းစားမှုနဲ့ ၂ ခြောက်လုံးစျေးရောင်းပွဲတော်ကို ကျမတို့စီစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်’’ လို့သူမကပြောပါတယ်။

ယနေ့ကျင်းပတဲ့ ၂ ခြောက်လုံးတော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်မှာ မြန်မာအစား အစာမျိုးစုံဖြစ်တဲ့ အကြော်စုံ၊ မာလာရှမ်းကော၊ ဝတ်သားဒုတ်ထိုး၊ ကြာဇံကြော်၊ ဆာဗူသီး၊ မုန့်လက်ကောက်၊ ငါပိကြော်၊ ပုဇွန်ကြော်၊ ကုန်ခြောက်မျိုးစုံရောင်းချခဲ့ကြပြီး မီဇိုရမ်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအပါဝင် ဒေသခံမီဇိုးလူမျိူး တွေကလည်း အားပေးပါဝင်ခဲ့ကြပါတယ်။

အဲဒီစျေးရောင်းပွဲတော်အစီစဉ်မှာ ဒေသခံမီဇိုးအဆိုတော်များနဲ့အတူ မြန်မာနိုင်ငံက နာမည်ကြီးချင်းအဆိုတော် ထွဏ်းခမ် ကလည်း ပါဝင်သီဆိုဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါးခန့်ဝင်ရောက်ခိုလုံနေကြပြီး မီဇိုရမ်အစိုးရ၊ မီဇိုးလူငယ်အသင်း၊ မီဇိုးကျောင်းသားသမဂ္ဂ၊ အင်ဂျီအိုအဖွဲ့ွအစည်းတွေက ကူညီပ့ံပိုးဆောက်ရွက်နေကြတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမှာတော့ ၂ ခြောက်လုံးနေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့နေနဲ့ နယူးဒေလီရောက်မြန်မာနိုင်ငံသားတွေက ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...