ဘီးလင်းမြို့နယ်ရဲမှူး ခြောက်လုံးပြူးကျည်ဆံ နဖူးထိမှန် သေဆုံး

ဘီးလင်းမြို့နယ်ရဲမှူး ခြောက်လုံးပြူးကျည်ဆံ နဖူးထိမှန် သေဆုံး

ဘီးလင်းမြို့နယ်၊ မြို့မရဲစခန်းအတွင်းမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လွတ်ကျသွားတဲ့ ခြောက်လုံးပြူး သေနတ်ကျည် ပေါက်ထွက်ပြီး မြို့နယ်ရဲမှူး ကျော်ကျော်ထွန်း နဖူးထိမှန် သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

ဖြစ်စဉ်မှာ ဘီးလင်းမြို့နယ် ရဲမှူးကျော်ကျော်ထွန်းက ဒုရဲအုပ်ဖြစ်သူ သူရိန်လင်းကို ကားထဲရှိ သေနတ်နဲ့ ဝတ်စုံတွေကို သိမ်းဆည်းပြီး ယူလာဖို့ ပြောဆိုခဲ့တာပါ။

အဲဒီနောက်မှာ‌တော့ ဒုရဲအုပ်သူရိန်လင်းက ကားထဲရှိ သေနတ်အရှည်တစ်လက်၊ ခြောက်လုံးပြူးတစ်လက်ထည်ထားတဲ့ အီကွေမင့်နဲ့အနွေးထည်တို့ကို ယူပြီး ရုံးခန်းရှိ ရဲမှူး ကျော်ကျော်ထွန်းထံ အပေးမှာ အီကွေမင့်ထဲ ထည့်ထားတဲ့ ခြောက်လုံးပြူး သေနတ်မှ ထွက်ကျခဲ့တာဖြစ်ပါတယ်။

ခြောက်လုံးပြူး သေနတ်က အောက်ကိုပြုတ်ကျချိန် ကျည် ပေါက်ထွက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ဒုရဲအုပ်သူရိန်လင်းခြေထောက်ကို ဖောက်ထွက်ပြီး  ရဲမှူး ကျော်ကျော်ထွန်းရဲ့ နှဖူးထဲကို ဖောက်ဝင်သွားတာဖြစ်ပါတယ်။

နဖူးကျည်ဖောက်ဝင် ဒဏ်ရာကြောင့် ရဲမှူးကျော်ကျော်ထွန်းကို ရန်ကုန်ဆေးရုံကို ပို့ဆောင်ကုသစဉ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ရဲမှူး‌ ကျော်ကျော်ထွန်းရဲ့ အလောင်းကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သဂြိုလ်မယ်လို့ သိရပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...