စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ်ရန် ဝင်းရော်သပိတ်တွင် တောင်းဆို

စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ်ရန် ဝင်းရော်သပိတ်တွင် တောင်းဆို

တော်လှန်ရေးကို ဦးဆောင်တော်လှန်နေကြသည့် ခေါင်းဆောင်များအနေဖြင့် လူထုမျက်နှာထောက် ညှာပြီး စစ်အာဏာရှင်များအား ပြတ်ပြတ်သားသားတိုက်ထုတ်ရန် ယနေ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် ပြုလုပ်သည့် (၂၂၂၂၂၂) အထိမ်းအမှတ် လူထုလှုပ်ရှားမှုအဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဦးဆောင်သူများက တောင်းဆိုလိုက်သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ဦးဆောင်သူတစ်ဦးက “ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု လိုချင်ရင် သူနဲ့ထိုက်တန်တဲ့အရာတွေ၊ စည်းကမ်းတွေ ထူထောင်ဖို့လိုတယ်။ တိုင်းရင်းသားအချင်းချင်း ၊ ပြည်သူအချင်းချင်း အားလုံးညီညီညွတ်ညွတ်ရှိဖို့ အရမ်းအရေးကြီးတယ်။ ခေါင်းဆောင်တွေကလည်း လူထုမျက်နှာထောက်ပြီး အာဏာရှင်တွေကို ပြတ်ပြတ်သားသားတော်လှန်ကြဖို့ တောင်းဆိုပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွင် သပိတ်ကော်မတီအသီးသီးနှင့် ဒေသခံများက ပူးပေါင်းပါဝင်ကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်လည်ရရှိရေး စသည့်ကြွေးကြော်ချက်များဖြင့် ဝင်းရော်လမ်း မကြီးတစ်လျှောက်တွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သပိတ်ဦးဆောင်သူများက ပြောသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...