ရွေးကော် အရာရှိ ၂၄၀ ကျော်ကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်ကြောင်း NUG ကြေငြာ

ရွေးကော် အရာရှိ ၂၄၀ ကျော်ကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်ကြောင်း NUG ကြေငြာ

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အရာရှိ ဝန်ထမ်း ၂၄၆ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်‌ထောင်စုဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တဲ့ ရွေးကော် အရာရှိတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကန့်ကွက်၊ငြင်းပယ်တာမရှိဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်ပြီး ပြည်သူနဲ့တစ်သားတည်းဖြစ်စေရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

NUG အစိုးရက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်တဲ့ ရွေးကော် အရာရှိ ၂၄၀ ကျော်မှာ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ဒုတိယညွှန်ကြားရေးမှူး၊လက်ထက်ညွှန်ကြားရေးမှူးနဲ့ ဦးစီးအရာရှိ ၉ ဦး ပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်‌ထောင်စုဝန်ကြီးချုပ်ရုံးကတော့ အောက်တိုဘာလမှစတင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတဲ့ ဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်းသူရဲကောင်းတွေရဲ့ လူမှုဖူလုံ့ရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...