မီဇိုရမ်တွင် ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

မီဇိုရမ်တွင် ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ပြီး အိန္ဒိယပြည်မကို ရောင်းချမည့် မြန်မာနိုင်ငံမှ သယ်ဆောင် လာသော ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ Methamphetamine ခေါ် စိတ်ကြွဆေးပြားကို မီဇိုရမ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဖမ်းခံရသည့် မူးယစ်ဆေးဝါးမှာ အလေးချိန် (၁၂ ကီလိုနှင့် ဂရမ် ၈၀၀) ရှိကာ အကဒ်ပေါင်း ၁၃၀၄၉၂ ရှိပြီး  ပိုင်ရှင်ဟုယူဆရသူနှစ်ဦး ဖလမ်းမြို့နယ် Khawmawi ကျေးရွာနေ Solomon Zonummawia (၃၅) နှင့် အိန္ဒိယလူမျိုး Shamir Deb (49) တို့ကိုလည်း ဖမ်းဆီးထားသည်ဟု The Aizawl Post သတင်းတွင်ဖော်ပြသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ကာ အိန္ဒိယပြည်မဘက်သို့ ရောင်းချရန် ကားဖြင့်သယ်ဆောင်သွားစဉ် မီဇိုရမ်ပြည်နယ် Kolasib ခရိုင် North Chhimluang တွင် မီဇိုရမ်မူးယစ်ဆေးဝါတိုက်ဖျက်ရေး အဖွဲ့ Excise & Narcotics Department နှင့် Border Security Force (BSF) Silchar, Assam တို့က ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို The Narcotic Drugs & Psychotropic Substances Act 1985 ဖြင့် အမှုဖွင့်ဆိုထားကြောင်းသိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...